ရှေ့သို့
Image

မက္ကာသာအက်ဖ်စီအသင်းရဲ့ လေ့ကျင့်ရေးကွင်းကို သွားရောက်ပြီး အံအားသင့်စေခဲ့တဲ့ ဆာအဲလက်စ်ဖာဂူဆန်

3:43 PM, 28 October

မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ခမ်းနားတဲ့အောင်မြင်မှုမှတ်တမ်းတွေကို ရေးထိုးနိုင်ခဲ့တဲ့ ဂန္ဓဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် သြစတေးလျ ဘောလုံးကလပ်အသင်းတစ်သင်းဖြစ်တဲ့ မက္ကာသာအက်ဖ်စီအသင်းရဲ့ လေ့ကျင့်ကွင်းအတွင်း သွားရောက်လည်ပတ်ရင်း ကစားသမားတွေကို အံအားသင့်စေခဲ့တာပဲ ဖြစ်ပါတယ်။

မက္ကာသာအက်ဖ်စီအသင်းဟာ ယူနိုက်တက်အသင်းရဲ့ ဂန္ဓဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ လက်အောက်မှာ အဓိကတိုက်စစ်ကစားသမား တစ်ယောက်အဖြစ် ခြေစွမ်းပြကစားခဲ့ဖူးတဲ့ ဒွိုက်ယော့ခ် က နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်နေတဲ့ ကလပ်အသင်းဖြစ်ပါတယ်။

လေ့ကျင့်ရေးကွင်းကို ဂန္ဓဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် လာရောက်လည်ပတ်တဲ့အပေါ် မက္ကာသာအက်ဖ်စီအသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်နေတဲ့ ဒွိုက်ယော့ခ်က“ဒါက ကျွန်တော်တို့ အားလုံးကို တကယ်ပဲ အံအားသင့်သွားစေခဲ့ပါတယ်။ ဆာအဲလက် အနေနဲ့ ဒီနေရာကိုတော့ ရောက်နေလိမ့်မယ်လို့ မထင်မိဘူးလေဗျာ” “သူက ဆစ်ဒနီမြို့ကိုရောက်ရှိနေတဲ့ အကြောင်း ကျွန်တော့ကို ပြောပြခဲ့ပါတယ်။ဒါအပြင် ကျွန်တော်တို့အသင်းရဲ့ ဘောလုံးကွင်းအတွင်း လာရောက်လည်ပတ်ရတာကိုလည်း ကျေနပ်သွားပုံပါပဲ” လို့ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

မက္ကာသာအက်ဖ်စီအသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်တဲ့ ဒန်နီယယ်ဒီဆေးလ်ဗားကလည်း ဂန္ဓဝင်နည်းပြကြီး ဆာအဲလက်ဖာဂူဆန်နဲ့ မထင်မှတ်ဘဲတွေ့ဆုံခွင့် ရခဲ့တဲ့အပေါ် တကယ်ကိုအံ့အားသင့် ပျော်ရွှင်နေမိတဲ့အကြောင်း ပြောဆိုခဲ့သလို ကလပ်အသင်းရဲ့ တရားဝင်တွစ်တာ စာမျက်နာတွင်လည်း ကမ့်ဘဲလ်တောင်းဘောလုံးကွင်းအတွင်း လာရောက် လည်ပတ်ပေးခဲ့တဲ့ ဆာအဲလက်စ် ဖာဂူဆန်ကို ကျေးဇူးတင်ရှိပါကြောင်း ထုတ်ပြန်ထားခဲ့တာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖာဂူဆန် #ပရီးမီးယားလိဂ်