ရှေ့သို့
Image

ယူနိုက်တက်အနေနဲ့ ဟယ်ရီကိန်းကိုခေါ်ယူသင့်ကြောင်း ထောက်ခံလိုက်တဲ့ ဒါရင်းဘန့်တ်

10:43 AM, 28 October

တော့တင်ဟမ်တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်တ်က ယူနိုက်တက်အနေနဲ့ တိုက်စစ်ပိုင်းအတွက် တော့တင်ဟမ်တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ ထောက်ခံပြောကြားလိုက်ပါတယ်။

အသက် ၂၉ နှစ်သားတိုက်စစ်မှူးဟာ တော့တင်ဟမ်အသင်းအတွက် ၄၀၃ ပွဲမှာ ၂၅၉ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး မန်စီးတီးက ဟာလန်းမခေါ်ခင် ချိတ်ဆက်ခဲ့သေးတာဖြစ်ပါတယ်။

ဒါပေမယ့် တော့တင်ဟမ်ဟာ ဟယ်ရီကိန်းတစ်ယောက်ပွဲထွက်ခွင့်ရပြီးကတည်းက ဆုဖလားအောင်မြင်မှုမရသေးတာဖြစ်ကာ အင်္ဂလန်သားဟာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

ရော်နယ်ဒိုတစ်ယောက် အနာဂတ်မသေချာချိန်မှာ ယူနိုက်တက်အနေနဲ့ ဟယ်ရီကိန်းကို ခေါ်ယူသင့်တဲ့အချိန်ဖြစ်ကာ မာရှယ်ကလည်း ဒဏ်ရာပြဿနာတွေနဲ့သာလုံးပန်းနေရတာဖြစ်ပါတယ်။

ကိန်း နဲ့ တော့တင်ဟမ်တို့ကြားက စာချုပ်သက်တမ်းက ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ကာ ယူနိုက်တက်အနေနဲ့ ခေါ်ယူသင့်တယ်လို့ ဘန့်တ်က ထင်မြင်နေပါတယ်။

“သူဘယ်သွားမယ်လို့ ထင်လဲ။ စီးတီးကိုပြောင်းမယ့်အခွင့်အရေးက ပျောက်ကွယ်သွားပါပြီ။ ယူနိုက်တက်က သူ့အတွက် အသင့်တော်ဆုံးပါ။ သူတို့က တိုက်စစ်မှူး လိုအပ်နေတာပါ”လို့ ဘန့်တ်က ပြောကြားခဲ့ပါတယ်။

ဘန့်တ်က ယူနိုက်တက်အနေနဲ့ ကိန်းကိုခေါ်ယူဖို့ ပေါင်သန်း ၁၀၀ လောက်အသုံးပြုရနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

“ပြီးခဲ့တဲ့ရာသီတုန်းက သူအသင်းကနေ ထွက်ခွာချင်ခဲ့ပါတယ်။ မန်စီးတီးကလည်း သူ့ကိုခေါ်ယူဖို့ ဖိအားပေးခဲ့ပါတယ်။ ဒါပေမယ့် တော့တင်ဟမ်က ပေါင်သန်း ၁၄၀ လောက်တောင်းဆိုခဲ့ပါတယ်။

သူတို့က ကိန်းကို အခုထက်ပိုတန်တယ်လို့ ထင်မြင်နေပါတယ်။ ကိန်းအနေနဲ့ ပေါင်သန်း ၁၀၀ လောက်တန်တယ်လို့ ထင်ပါတယ်။ လီဗိုင်းကလည်း ပေါင်သန်း ၆၀ လောက်ကို လက်ခံမှာမဟုတ်ပါဘူး။ အနည်းဆုံးပေါင်သန်း ၁၀၀ လောက်ပေးရနိုင်ပါတယ်”လို့ ဘန့်တ်က ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #တော့တင်ဟမ် #ဟယ်ရီကိန်း #ဒါရင်းဘန့်တ် #ပရီးမီးယားလိဂ်