ရှေ့သို့
Image

ပဲလေ့စ်စတား ဇာဟာကို အလွတ်နဲ့ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ လီဗာပူး

10:28 AM, 28 October

သတင်းတွေအရ လီဗာပူးအသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့စာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲရောက်နေတဲ့ တောင်ပံကစားသမား ဇာဟာကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ဇာဟာကတော့ ပဲလေ့စ်အသင်းမှာ ဆက်တိုက်ခြေစွမ်းပြနေတာဖြစ်ပြီး ကွင်းထဲမှာ သူ့ရဲ့အလိမ်အခေါက်စကေးတွေက အသင်းနိုင်ပွဲတွေရအောင် အဓိကကူညီနေတာဖြစ်ပါတယ်။

ဒါပေမယ့် ဇာဟာရဲ့စာချုပ်သက်တမ်းက လာမယ့်နှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး ဥရောပအသင်းကြီးတော်တော်များများက စိတ်ဝင်စားနေကြပါတယ်။

အမှန်တကယ်မှာတော့ ပဲလေ့စ်အသင်းဟာ ဇာဟာကို စာချုပ်သစ်ချုပ်ဆိုဖို့ မျှော်လင့်နေပြီး ၂ ဦး ၂ ဖက်ဆွေးနွေးမှုကလည်း ၂ နှစ်ကြာတဲ့အထိ အဆင်မပြေသေးတာဖြစ်ပါတယ်။

အသက် ၂၉ နှစ်သားဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရဖို့ အိပ်မက်ရှိနေတာဖြစ်ပါတယ်။ 90 min သတင်းဌာနရဲ့အဆိုအရ လီဗာပူးအသင်းဟာ ကစားသမားရဲ့စာချုပ်အနေအထားကို စောင့်ကြည့်နေပြီး အခြားအသင်းတွေထက် လက်ဦးမှုရယူနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အာတီတာကလည်း အဆိုပါပဲလေ့စ်စတားကို ပစ်မှတ်ထားနေပြီး ချဲလ်ဆီးကလည်း အခုနွေရာသီအပြောင်းအရွှေ့မပိတ်ခင်တုန်းက ဇာဟာကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့သေးတာဖြစ်ပါတယ်။

အခြားတစ်ဖက်မှာလည်း ပီအက်စ်ဂျီ ၊ အေစီမီလန် နဲ့ အင်တာမီလန်တို့ကလည်း အိုင်ဗရီကို့စ်စတားကို စိတ်ဝင်စားနေကြပါတယ်။

ကလပ်အသင်းတွေအနေနဲ့ လာမယ့်ဇန်နဝါရီမှာ အလွတ်နဲ့ ခေါ်ယူခွင့်ရဖို့ ညှိနှိုင်းခွင့်ရနေတာဖြစ်ပါတယ်။ ဗီအဲရာကိုယ်တိုင်ကလည်း မကြာသေးခင်တုန်းက ဇာဟာကို အသင်းမှာ ဆက်ထိန်းထားချင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ဇာဟာအနေနဲ့ အသင်းဘက်က သူ့ကိုဘယ်လိုတွေးလဲဆိုတာ သိပြီးသာပါ။ သူလည်း အသင်းက ဘယ်လိုတွေးနေမယ်ဆိုတာ သိမှာပါ။

စာချုပ်သစ်နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေရှိနေပါတယ်။ အသင်းကလည်း သူ့ကိုစာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေပါတယ်။ 

ဇာဟာအနေနဲ့ နေ့ကောင်းတစ်နေ့ဆို အသင်းကလည်း နေ့ကောင်းတစ်နေ့ပါ။ သူက အသင်းအတွက် ကွင်းတွင်းပြင်မှာ အရေးပါတဲ့သူပါ။ သူအလုပ်ကြိုးစားတာကြောင့် အခုလိုမျိုးတိုးတက်ပြီး အတွေ့အကြုံပြည့်ဝလာတာပါ”လို့ ဗီအဲရာက ပြောကြားခဲ့ပါတယ်။

#လီဗာပူး #ဇာဟာ #ခရစ္စတယ်ပဲလေ့စ် #ပရီးမီးယားလိဂ်