ရှေ့သို့
Image

ဘာစီလိုနာကို အနိုင်ကစားပြီးနောက် အကောင်းဆုံးကစားအဖြစ် ချီးမြှင့်ခြင်းမခံခဲ့ရပေမဲ့ ပျော်ရွှင်နေပါတယ်ဆိုတဲ့ ဒီလစ်ချ်

1:20 PM, 27 October

ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ဘာစီလိုနာအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ နူးကမ့်ကွင်းအတွင်း မှာ ဘိုင်ယန်မြူးနစ်အသင်းက သွားရောက်ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပွဲစဉ်မှာ ဂျာမန်အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်အသင်းကပဲ ၀ - ၃ ဂိုးဖြင့် အနိုင်ရယူနိုင်ခဲ့ကာ ပွဲစဉ်အတွင်း အထူးခြေစွမ်းပြကစားကာ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ပိုင်းကို အကောင်းဆုံးထိန်းချူပ် ကစားပေးနေတဲ့ မက်တစ်ဒီလစ်ချ်က ပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမား ဆုကို ရရှိခဲ့ခြင်းမရှိပေမဲ့ ဘာစီလိုနာကို အနိုင်ကစားနိုင်ခဲ့တဲ့အပေါ် ပျော်ရွှင်တဲ့အကြောင်း ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ဆုချီးမြှင့်ခြင်းမခံရတဲ့ အပေါ် ဘိုင်ယန်မြူးနစ်အသင်းရဲ့ နောက်တန်းမှာ အထူးခြေစွမ်းပြကစားနေတဲ့ မက်တစ်ဒီလစ်ချ်က

“ဒီနေ့ပွဲအတွက် အကောင်းဆုံးကစားသမား အဖြစ် ချီးမြှင့်ခြင်း မခံရတဲ့အပေါ်လား။ ဒါအတွက်တော့ ဒီနေ့ပွဲမှာ ဆာ့ချ်ဂနာဘရီကသာ ပိုမိုထိုက်တန်ပါတယ်။ သူရသွားတဲ့ပေါ်လည်း ဝမ်းသာနေပါတယ်” လို့ ဖွင့်ဟပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက ၀ - ၃ နဲ့ အနိုင်ကစားနိုင်ခဲ့တဲ့ ပွဲစဉ်အတွင်း ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလအတွင်းမှာ ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူခြင်းခံထားရတဲ့ ဒီလစ်ချ်က ဘောလုံးရှင်းထုတ်မှု ၅ကြိမ်၊ ကြားဝင်လုယူမှု ၃ကြိမ်၊ ဘောလုံးပေးပို့အောင်မြင်မှု ၉၆ % အထိ အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ကာ ပွဲကစားချိန် မိနစ် ၉၀ အတွင်း တိုက်စစ်အစွမ်းပြနေတဲ့ ဘာစီလိုနာအသင်းကို သွင်းဂိုးတစ်ဂိုးမှ ခွင့်ပြုမပေးရအောင်ကစားနိုင်ခဲ့သလို ဂိုးပေါက်တည့်မက်မှု တစ်ကြိမ်မှ အခွင့်အရေးမပေးရအောင် စွမ်းဆောင် ပြနိုင်ခဲ့တာဖြစ်ပြီး အကောင်းဆုံးကစားသမား အဖြစ် ရွေးချယ်ခြင်းခံလိုက်ရတဲ့ ဆာ့ချ်ဂနာဘရီကတော့ ပွဲစဉ်အတွင်း ဘိုင်ယန်မြူးနစ်အသင်းရရှိခဲ့တဲ့ သွင်းဂိုး ၃ဂိုးစလုံးကို ဖန်တီးပေးနိုင်ခဲ့သူပဲ ဖြစ်ပါတယ်။

#ဘာစီလိုနာ #ချန်ပီယံလိဂ် #ဘိုင်ယန်မြူးနစ် #ဒီလစ်ချ်