ရှေ့သို့
Image

ယူရိုပါလိဂ်ပွဲစဉ်မှာ ရော်နယ်ဒို ပြန်လည်ပါဝင်မယ်လို့ နည်းပြတန်ဟတ် အတည်ပြု

1:12 PM, 27 October

ပြီးခဲ့တဲ့ ချဲလ်ဆီး အသင်းနဲ့ ပွဲစဉ်မှာ ရော်နယ်ဒိုကို နည်းပြတန်ဟတ်က အသင်းရဲ့ လူစာရင်းမှာ ချန်လှပ်ထားခဲ့ပါတယ်။ ဒါပေမယ့် နည်းပြနှင့် ရော်နယ်ဒို ဆွေးနွေးတွေ့ဆုံမှု အပြီးမှာ ရလဒ်ကောင်း ရရှိခဲ့ပြီး မနက်ဖြန်မှာ ကစားမယ့် ယူရိုပါလိဂ်ပွဲစဉ် အဖြစ် ယူနိုက်တက် အသင်းနှင့် ရှီးရက်အသင်းတို့ရဲ ပွဲစဉ်မှာ ရော်နယ်ဒိုအနေနဲ့ ပြန်လည် ပါဝင်သွားမယ်လို့ သိရပါတယ်။ 

"ဒါက မခက်ခဲပါဘူး။ ဒါပေမယ့် ကျွန်တော် အကုန်ပြောဆိုပြီးပြီ မေးခွန်းတွေ ဖြေပြီးပြီလို့ ထင်ပါတယ်။ သူ့အနေနဲ့ ပွဲ တစ်ပွဲမှာ မပါဝင်ခဲ့ရပဲ အခုပုံမှန်အတိုင်း ပြန်လည် ပါဝင်ခွင့် ရသွားမှာပါ။ "

"ကျွန်တော် နောက်ထပ် မေးခွန်းတွေ ဖြေတော့မှာ မဟုတ်ပါဘူး။ အားလုံးရှင်းပြပြီးပါပြီ။ အခု မနက်ဖြန်ပွဲအတွက်အာရုံစိုက်ပြီး နိုင်ပွဲရချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အုပ်စု ပထမရချင်တဲ့ အတွက် မနက်ဖြန်ပွဲက အရေးကြီးပါတယ်။ "

"ကျွန်တော်လည်း ဘာမှ ထပ်လုပ်စရာ မလိုတော့ ပါဘူး ။ သူအသင်းမှာ ပြန်လည် ပါဝင်လာမှာပါ။ သူအသင်းမှာ ပါဝင်လာတာက အရေးကြီးပါတယ်။ "

လို့ တန်ဟတ်ကဆိုပါတယ်။ ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲရားဟာလည်း နိုင်ငံ တကာပွဲစဉ် ကာလမှာ ဒူးကောက်ကြောဒဏ်ရာ ရရှိခဲ့တဲ့ အတွက် နားနေခဲ့ရ ရာမှ မနက်ဖြန်ပွဲစဉ်မှာ အသင်းအတွက် ပြန်လည် ပါဝင် ကစားပေးနိုင်မှာ ဖြစ်ပါတယ်။ သူဟာ အသင်းမှာ ပြန်လည် ပါဝင်လာနိုင်တဲ့ အတွက် ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့် ရသွားနိုင်ချေရှိနေပါတယ်။ လက်ရှိမှာလည်း ယူနိုက်တက်နောက်ခံလူ ဗာရန်းဟာ ဒဏ်ရာ ရရှိထားပါတယ်။ ထိုမတိုင်ခင်ကလည်း မက်ဂွဲယားဟာ အသင်းမှာ အရေးပါတဲ့ ကစားသမားဖြစ်တယ်လို့ နည်းပြတန်ဟတ်က ဆိုထားပါတယ်။ 

"သူက အသင်းအတွက် အရေးပါသူပါ ။ သူဒဏ်ရာရခဲ့တယ်။ အခု သူဟာ ကြံ့ခိုင်မှု ပြန် လည်ရရှိပြီး သူအသင်းမှာ ပြန်လည်ပါဝင်နိုင်တော့မှာပါ။ "

"စွမ်းဆောင်ရည်ပြနိုင်ဖို့ပါပဲ။ သူ့ရဲ့ အရည်အသွေးကတော့ ဘာမှ ပြဿနာ မရှိပါဘူး။ သူက ကစားသမားကောင်းတစ်ယောက်ပါ။ "

လို့ တန်ဟတ်ကပြောခဲ့ပါတယ်။ 

မက်ဂွါရီ ပြန်လည်ကောင်းလာပေမယ့် နောက်ခံလူ ဗာရန်းကတော့ ချဲလ်ဆီးနဲ့ ပွဲမှာ ဒူးကောက်ကြော ဒဏ်ရာကြောင့် မျက်ရည်တွေနဲ့ ပွဲအတွင်းက ထွက်ခွာခဲ့ရကာ ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလားကို လွဲချော်သွားရဖွယ်ရှိနေပါတယ်။ 

တန်ဟတ်ကတော့ ဗာရာနီဟာ ကမ္ဘာ့ဖလားမကစားခင်ကြားကာလ ယူနိုက်တက်ပွဲစဉ် အားလုံးကို လွဲချော်သွားမယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရော်နယ်ဒို #ယူရိုပါလိဂ် #တန်ဟတ်