ရှေ့သို့
Image

ယူနိုက်တက်ကို ခေါ်ယူဖို့အကြံပေးခဲ့တဲ့ ကစားသမား ၆ ယောက်ကို ပြောပြခဲ့တဲ့ ရန်းနစ်

11:37 AM, 27 October

မန်ချက်စတာယူနိုက်တက်ရဲ့ ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဝါရင့်နည်းပြကြီး ရာ့ဖ်ရန်းနစ်ကတော့ လူးဝစ်ဒီရက်ဇ်၊ အယ်ဗာရိုမိုရာတာနဲ့ ခရစ္စတိုဖာအန်ကွန်ကူအပါအဝင် သူယူနိုက်တက်ကို ခေါ်ယူဖို့တိုက်တွန်းဖူးတဲ့ ကစားသမား ၆ ယောက်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

ရန်နစ်ဟာ နည်းပြဟောင်းအိုလီဂန်နာဆိုးလ်ရှားလ် ထုတ်ပယ်ခံခဲ့ရပြီးနောက် ယူနိုက်တက်ရဲ့ ယာယီနည်းပြဖြစ်လာသူဖြစ်ပေမယ့် ၆၄ နှစ်အရွယ် နည်းပြကြီးဟာ အသင်းရဲ့ခြေစွမ်းကို တိုးတက်အောင်မလုပ်ပေးနိုင်ခဲ့ပဲ ပရီးမီးယားလိဂ်မှာလည်း အဆင့် ၆ သာ ရရှိခဲ့ပြီးနောက် မေလမှာ အသင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ နည်းပြရန်နစ်တာဝန်ယူထားတဲ့ ကာလဖြစ်တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ် ခေါ်ယူခြင်းမရှိခဲ့ပဲ နည်းပြအဲရစ်တန်ဟတ်ရောက်လာမှသာ ပေါင်သန်း ၂၂၀ ကျော် သုံးစွဲပြီး အန်တိုနီ၊ လီဆန်ဒရိုမာတီနက်ဇ်နဲ့ ကတ်စ်မဲရိုးတို့အပါဝင် ကစားသမားသစ်တွေကို ခေါ်ယူသွားခဲ့ပါတယ်။ ယူနိုက်တက်ကိုတာဝန်ယူခဲ့တဲ့ နောက်ဆုံးကာလတွေမှာ ရန်နစ်က ယူနိုက်တက်လူစာရင်းဟာ အများကြီးတိုးတက်ဖို့လိုသေးကြောင်းနဲ့ ဘယ်လိုကစားသမားတွေကို ခေါ်ယူဖို့လိုအပ်တယ်ဆိုတာကိုလည်း ပြောသွားခဲ့ပါတယ်။ ဒါပေမယ့် သူအကြံပေးခဲ့တဲ့ ကစားသမားတွေကိုတော့ ယူနိုက်တက်တာဝန်ရှိသူတွေက ခေါ်ယူဖို့ငြင်းဆန်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ 

ရန်းနစ်က “ အားလုံးသိတဲ့အတိုင်း သူတို့ဆီမှာ လိုအပ်နေတဲ့ နေရာတွေ အများကြီးရှိတယ်။ အဲ့ဒါကြောင့်လည်း လိုက်ပ်ဇစ်က ဂျိုစ်ကိုဂျီဗာဒီယိုလ်နဲ့ ခရစ္စတိုဖာအန်ကွန်ကူတိုလို ကစားသမားတွေနဲ့ ဆွေးနွေးခဲ့တာပါ။ ဒီကစားသမားတွေက ကျွန်တော်သူတို့ကို အကြံပေးခဲ့တဲ့ ကစားသမားစာရင်းထဲမှာ ပါပါတယ်။ ဒီနှစ်ယောက်အပြင် အယ်ဗာရိုမိုရာတာ၊ ဒူဆန်ဗလာဟိုဗစ်နဲ့ အဲ့ဒီတုန်းက ဈေးကွက်ထဲမှာ ခေါ်ယူလို့ရသေးတဲ့ အာလင်းဟာလန်းတို့ ပါဝင်ပါတယ်။ ဒါပေမယ့် အသင်းကတော့ နည်းပြသစ်လက်အောက်ရောက်မှပဲ အသင်းကို ပြန်လည်တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ” ဆိုပြီး ဖွင့်ဟသွားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရန်းနစ် #ပရီးမီးယားလိဂ်