ရှေ့သို့
Image

ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပြီးနောက် ဂျူဗင်တပ်စ်အသင်းသားတွေ စိတ်မကောင်းဖြစ်ကာ ပေါက်ကွဲနေကြကြောင်း အယ်လီဂရီဆို

1:39 PM, 26 October

ဂျူဗင်တပ်စ်အသင်းသားတွေဟာ ယမန်နေ့ည ဘင်ဖီကာကို ရှုံးနိမ့်ကာ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပြီးနောက် စိတ်မကောင်းဖြစ်ကာ ပေါက်ကွဲနေကြကြောင်း အယ်လီဂရီက ပြောခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ယမန်နေ့ညက ဘင်ဖီကာကို ၄-၃ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ခဲ့ရကာ ယူရိုပါလိဂ်ရှုံးထွက်အဆင့်ကိုသာ မျှော်လင့်ရတော့မှာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ အယ်လီဂရီက "ချဉ်းကပ်ပုံမှားယွင်းတယ်ဆိုတာထက် ပိုပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ခံစစ်ပိုင်းက အရမ်းပျော့ခဲ့ပါတယ်။ ကျွန်တော်တို့ ချန်ပီယံလိဂ်ကနေ ထွက်ရပြီဖြစ်တာကြောင့် စိတ်ပျက်ကာ ပေါက်ကွဲနေပါတယ်"

"အခုတော့ ကျွန်တော်တို့ စီးရီးအေနဲ့ လာမယ့် ပီအက်စ်ဂျီပွဲကို အာရုံစိုက်ရပါမယ်"

"ကျွန်တော်တို့ ဒီည အမှားတွေအများကြီး လုပ်ခဲ့ပေမယ့် အခုအချိန်က အဲ့ဒီအကြောင်းပြောလို့ အသုံးမဝင်တော့တဲ့အချိန် ဖြစ်ပါတယ်။ ဒါက ကျရှုံးတယ်လို့တော့ မခံယူပါဘူး။ ဘောလုံးမှာ ရှုံးနိမ့်တွေဆိုတာလည်း ရှိတာပါပဲ"

"ကျွန်တော်တို့ ဝမ်းနည်းပြီး ပေါက်ကွဲနေကြပါတယ်။ အသင်းက ကြံ့ခိုင်မှုပိုင်းအရ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဆက်ပြီးကြိုးစားရပါမယ်"လို့ ပြောခဲ့ပါတယ်။

#ဂျူဗင်တပ်စ် #ချန်ပီယံလိဂ် #အယ်လီဂရီ #ဘင်ဖီကာ