ရှေ့သို့
Image

ဆဲလ်ဘတ်နဲ့ ပွဲမှာ လှပတဲ့ သွင်းဂိုး သွင်းယူနိုင်ခဲ့တဲ့ ကိုင်ဟားဗက်ဇ်ကို ပေါ်တာ ချီးကျူး

10:57 AM, 26 October

ဂရေဟမ်ပေါ်တာဟာ ယမန်နေ့ည ဆဲလ်ဘတ်နဲ့ပွဲစဉ်မှာ ချဲလ်ဆီးအတွက် လှလှပပ ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ကိုင်ဟားဗက်ဇ်ကို ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ဟားဗက်ဇ်ဟာ ချဲလ်ဆီးအတွက် လိုအပ်နေတဲ့ အနိုင်ဂိုးကို ဂိုးဧရိယာအပြင်ဘက်ကနေ လှလှပပ ကန်သွင်းပြသွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ နိုင်ပွဲကြောင့် ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ် အုပ်စုEကနေ ၁၆သင်းအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

ဂျာမန်သားဟာ လေဗာကူဆင်ကနေ ပေါင်၈၉သန်းနဲ့ ရောက်လာခဲ့ပြီးနောက် ၁၀၆ပွဲ ကစားရာမှာ ၂၆ဂိုး သွင်းယူထားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဘရိုက်တန်နည်းပြဟောင်း ပေါ်တာကို နည်းပြအဖြစ် ခန့်အပ်ခဲ့ပြီးနောက် ၉ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို ရရှိထားခဲ့ပါတယ်။ ယမန်နေ့ည ပွဲစဉ်အပြီးမှာတော့ ပေါ်တာက ကိုင်ဟားဗက်ဇ်ကို ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ပေါ်တာက "သူ့ရဲ့ ကန်ချက်က အရမ်းကကောင်းပါတယ်။ ညာဘက်ထောင့်ထဲကို ဝင်သွားခဲ့တာဖြစ်ပြီး သူတို့သာ အဲ့ဒီလို ဂိုးသွင်းနိုင်ရင် ကျွန်တော့်အလုပ်ကို ပိုပြီးလွယ်ကူစေတာပေါ့" "ဒီဂိုးက သူ့အတွက်ကောင်းပြီး သူက အကောင်းဆုံး ပုံစံရအောင်၊ ဂိုးတွေအများကြီး သွင်းနိုင်အောင် ကြိုးစားနေတာဖြစ်လို့ ကျွန်တော် ကျေနပ်ပါတယ်" "နိုင်ပွဲအတွက် ကျွန်တော် ကျေနပ်ပါတယ်။ ဒီပွဲမှာ ကစားသမားတွေက အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။ သူတို့ ပြင်းထန်တဲ့ အားပေးမှုတွေကြား တကယ့်သတ္တိကို ပြသခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ အဲ့ဒီလိုအရာတွေကို ကောင်းကောင်းထိန်းချုပ်ကာ အခွင့်အရေးအချို့ ဖန်တီးနိုင်ခဲ့တယ်လို့ ထင်ပါတယ်"
"ပထမပိုင်းအပြီး ၁ဂိုးနဲ့ပဲ ဦးဆောင်နိုင်ခဲ့တာကို စိတ်ပျက်မိပါတယ်။ အဲ့ဒီနောက် အမှားတစ်ချက်ကနေ ဂိုးပေးလိုက်ရပေမယ့် ကျွန်တော်တို့ အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပါတယ်"လို့ ပြောခဲ့ပါတယ်။

#ချဲလ်ဆီး #ဟားဗက်ဇ် #ချန်ပီယံလိဂ် #ဆဲလ်ဘတ် #ပေါ်တာ