ရှေ့သို့
Image

ဂျရတ်ကို ထုတ်ပယ်ပြီး အမ်မရီကို အစားထိုးခဲ့တဲ့ ဗီလာရဲ့လုပ်ရပ်ကို ထောက်ခံလိုက်တဲ့ ကာရေဂါ

9:44 AM, 26 October

လီဗာပူးနောက်ခံလူဟောင်း ကာရေဂါက ဂျရတ်ကို ထုတ်ပယ်ပြီး အာဆင်နယ်နည်းပြဟောင်း အမ်မရီကို ခန့်အပ်ခဲ့တဲ့ အက်စ်တွန်ဗီလာရဲ့လုပ်ရပ်ကို ထောက်ခံလိုက်ပါတယ်။ အမ်မရီဟာ တနလာၤနေ့တုန်းက ဗီလာအသင်းရဲ့ နည်းပြဖြစ်လာခဲ့ပြီး ဂျရတ် နေရာမှာ အစားဝင်လာခဲ့တာဖြစ်ပါတယ်။

အသက် ၄၂ နှစ်သား ဂျရတ်ဟာ ပြီးခဲ့တဲ့အပတ်က ဖူလ်ဟမ်ကို ၃ ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။ ဂျရတ် အထုတ်ခံခဲ့ရပြီးနောက် ဗီလာဟာ ယာယီနည်းပြ အာရွန်ဒမ့်ခ်လက်အောက်မှာ ဘရန့်ဖို့ဒ်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အက်စ်တွန်ဗီလာအသင်းဟာ ဂျရတ်ကိုထုတ်ပယ်ပြီးနောက် ပီအက်စ်ဂျီ နဲ့ ချဲလ်ဆီးနည်းပြဟောင်း တူချယ်ကို ချဉ်းကပ်ခဲ့သေးတာဖြစ်ပါတယ်။ ဒါပေမယ့် အဆင်မပြေခဲ့တဲ့နောက်မှာ ဗီလာဟာ အမ်မရီကိုသာ ခေါ်ယူခဲ့ကာ အသက် ၅၀ အရွယ်နည်းပြကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် ဝမ်းသာမိတယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အမ်မရီဟာ အာစင်ဝင်းဂါး နေရာမှာ အစားဝင်လာခဲ့ပေမယ့် ပထမဆုံးရာသီမှာပဲ ရုန်းကန်ခဲ့ရတာဖြစ်ပေမယ့် ပီအက်စ်ဂျီ ၊ ဆီဗီလာ နဲ့ ဗီလာရီးရဲလ်တို့မှာ ဆုဖလားတွေရယူနိုင်ခဲ့တာဖြစ်ပါတယ်။

“တကယ့်ကိုကောင်းမွန်တဲ့ခန့်အပ်မှုပါ။ ကျွန်တော်က အမ်မရီရဲ့ အမာခံပရိသတ်ပါ။ သူ့နည်းပြဘဝကို ကြည့်လိုက်ရင် အသင်းတွေနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။ အဲ့ထဲမှာ အသင်းကြီးတွေနဲ့လည်းပါဝင်ပါတယ်။ အာဆင်နယ်မှာတော့ သူအဆင်မပြေခဲ့ပေမယ့် ဗီလာရီးရဲလ်မှာ ယူရိုပါလိဂ်ဖလားရယူနိုင်ခဲ့ပါတယ်။ မလေးစာတာတော့ မဟုတ်ပေမယ့် သူက ဘာစီလိုနာ ၊ ရီးရဲလ်လို အသင်းကြီးတွေရဲ့နည်းပြပုံစံတောာ့ မဟုတ်ပါဘူး။ ဒါပေမယ့် သူက အဲ့အသင်းကြီးတွေကို စိန်ခေါ်နိုင်ပါတယ်။ သူက သူ့အသင်းကို ကောင်းကောင်းစုစည်းနိုင်ပါတယ်။  သူက စူပါနည်းပြ တစ်ဦးပါ။ ဗီလာအတွက်တော့ တကယ်ကောင်းတဲ့ခန့်အပ်မှုပါ”လို့ ကာရေဂါက ပြောကြားခဲ့ပါတယ်။

အမ်မရီဟာ လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ဗီလာရီးရဲလ်က စာချုပ်သစ် မချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်ဟာ စတိဗ်ဘရုစ်ကို ထုတ်ပယ်ပြီးနောက် အမ်မရီကို ခန့်အပ်ဖို့ စိတ်ဝင်စားခဲ့သေးတာဖြစ်ပါတယ်။

ဗီလာဟာ အမ်မရီကို မခန့်အပ်ခင် ပေါ်တူဂီနည်းပြ ရူဘင်အာမိုရင်ကို ချိတ်ဆက်ခဲ့သေးတာ ဖြစ်ပါတယ်။ အမ်မရီဟာ အလုပ်ပါမစ်ရရှိခဲ့ပြီဖြစ်တာကြောင့် ယူနိုက်တက်နဲ့ပွဲမှာ ပထမဆုံးကိုင်တွယ်မှာဖြစ်ပါတယ်။

#လီဗာပူး #အက်စတွန်ဗီလာ #အမ်မရီ #ကာရေဂါ #စတီဗင်ဂျရတ် #ပရီးမီးယားလိဂ်