ရှေ့သို့
Image

ချဲလ်ဆီးကစားသမားတစ်ယောက်ရဲ့ လေ့ကျင့်ရေးကွင်းတွင်းခြေစွမ်းအပေါ် သဘောတွေ့နေတဲ့ ဂရေဟမ်ပေါ့တာ

1:10 PM, 25 October

ချဲလ်ဆီးအသင်းရဲ့ နည်းပြ ဂရေဟမ်ပေါ့တာက လေ့ကျင့်ရေးကွင်းအတွင်း ချဲလ်ဆီးကွင်းလယ်ကစားသမား တစ်ဦးဖြစ်တဲ့ ရူဗင်လော့ဖ်တပ်ချိရဲ့ ကြိုစားအားထုတ်မှုနဲ့ စွမ်းဆောင်ရည်ပိုင်းကို နှစ်သက်မိတဲ့အကြောင်း မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ချီးကျူးစကား ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီတွေမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေခဲ့ရတဲ့ လော့ဖ်တပ်ချိက ယခုနှစ်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်းမှာပဲ ပွဲစဉ် ၁၁ ပွဲအထိ ဆက်တိုက်ဆိုသလို ပွဲထွက်ခွင့်ရရှိထားခဲ့သူဖြစ်ပြီး နည်းပြပေါ့တာက လော့ဖ်တပ်ချိ အနေဖြင့် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် လူစာရင်းအတွင်းမှာပါ ထည့်သွင်းရွေးချယ် ခံရနိုင်ခြေ ရှိတဲ့အကြောင်း ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

လော့ဖ်တပ်ချိ ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပက်သက်လို့ နည်းပြ ပေါ့တာက

“ရူဗင် ရဲ့ ကွင်းအတွင်း ကွင်းအပြင် နေထိုင်မှု ပုံစံတွေကိုက ကျွန်တော့ကို အတော်လေးအထင်ကြီးမိစေပါတယ်”

“သူက အမြဲလို တိုးတက်မှု ရှိလာအောင်သင်ယူဖို့ ဆန္ဒပြင်းပြနေတတ်တဲ့သူပါ။ ပွဲကစားရခြင်း မရှိတဲ့အချိန်တွေမှာတောင် အကောင်းဆုံးကြိုးစားလေ့ကျင့်နေတတ်ပြီး ဒီအလေ့ကျင့်တွေကြောင့်ပဲ ကြံ့ခိုင်မှုအပိုင်းပိုမို တိုးတက်လာသလို ပွဲကစားချိန်တွေပါ ဆက်တိုက် ရယူထားနိုင်နေပါပြီ”

“အရည်အသွေးရှိတဲ့ကစားသမား တစ်ယောက်ဖြစ်တာကြောင့် ကြံ့ခိုင်မှုအပိုင်းမှာ သေချာဂရုစိုက်ပေးဖို့ တော့လိုပါတယ်။ သူမှာ စွဲမက်ဖွယ်ဘောလုံးကိုင်တွယ်နိုင်တဲ့ အရည်အသွေးတွေ ရှိထားသလို အင်တိုက်အားတိုက်ကစားပေးတဲ့ ကစားသမား ကောင်းတစ်ယောက်ဆိုတာ မြင်သာပါတယ်”

“ဒီရာသီမှာ ပွဲထွက်ခွင့်တွေ ဆက်တိုက်ရထားတာဖြစ်လို့ နည်းပြဆောင်းဂိတ်ရဲ့ အင်္ဂလန်အသင်းအတွက်ပါ ရွေးချယ်ခံရနိုင်ပြီး ဒါကတော့ ဂါရတ်ပဲ စိတ်ကြိုက်ရွေးချယ်ပါလိမ့်မယ်” လို့ ဆဲလ်ဘတ်အသင်းနဲ့ အင်္ဂါနေ့ညမှာကစားရမယ့် ချန်ပီယံလိဂ် ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

#ချဲလ်ဆီး #ဂရေဟမ် ပေါ့တာ #လော့ဖ်တပ်ချိခ် #ပရီးမီးယားလိဂ်