ရှေ့သို့
Image

ကစားသမားဘဝကနေ အနားယူကြောင်းကြေညာခဲ့တဲ့ အသင်းဖော်ဟောင်း ရစ်ဘာရီထံ မက်ဆေ့ချ်ပေးပို့ခဲ့တဲ့ ရော်ဘင်

10:10 AM, 25 October

နယ်သာလန်တောင်ပံကစားသမား ရော်ဘင်က ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာခဲ့တဲ့ အသင်းဖော်ဟောင်း ရစ်ဘာရီကို ဝမ်းနည်းစကားဆိုလိုက်ပါတယ်။

ရစ်ဘာရီဟာ အသက် ၃၉ နှစ်အရွယ်မှာပဲ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကနေ အနားယူကြောင်း ကြေညာခဲ့ပါတယ်။ ပြင်သစ်သားဟာ ဘိုင်ယန်မှာ ရော်ဘင်နဲ့အတူ အတွဲမိခဲ့တာဖြစ်ပြီး ဘိုင်ယန်ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

အခုချိန်မှာတော့ အသင်းဟောင်း ရစ်ဘာရီနဲ့ပတ်သက်ပြီး ဝမ်းနည်းစကားဆိုခဲ့တာဖြစ်ပါတယ်။ “ကျွန်တော့်သူငယ်ချင်း အတွက် အရာအားလုံးကို ကျေးဇူးတင်ပါတယ်။ ကွင်းထဲမှာကော ကွင်းပြင်ပမှာပါ ကျေနပ်မှုတွေရခဲ့ပါတယ်။ ပြီးတော့ သူနဲ့အတူတူ အောင်မြင်မှုတွေရယူနိုင်ခဲ့ပါတယ်။ မင်းနဲ့အတူကစားခွင့်ရတဲ့အတွက် ဂုဏ်ယူနေမှာပါ။ မင်းမိသားစုနဲ့ ပျော်ရွှင်ပါ။ ပြီးရင် ငါတို့မကြာခင်တွေ့ကြမယ်”လို့ ရော်ဘင်က အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

ရစ်ဘာရီဟာ ဘိုင်ယန်မှာ ၁၂ နှစ်ကြာကစားခဲ့ပြီး ဆုဖလား ၁၈ လုံးအထိ ရယူနိုင်ခဲ့ကာ ဂန္ထဝင်တစ်ဦးအဖြစ် ရပ်တည်နေပါတယ်။ ပြင်သစ်သားဟာ ဘိုင်ယန်အတွက် ၄၂၅ ပွဲအထိ ပါဝင်ကစားခဲ့သလို ၁၂၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ၂၀၁၃ တုန်းက တစ်နှစ်တာအကောင်းဆုံး ဥရောပကစားသမားဆု ရရှိခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါမှာတော့ ၂၇၃ ပွဲအထိ ပါဝင်ကစားခဲ့ပြီး ၉၂ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ရစ်ဘာရီတစ်ယောက် စီးရီးအေကလပ် ဆလာနီတာနာအသင်းမှာ ကစားနေပါတယ်။

#နယ်သာလန် #ဘိုင်ယန်မြူးနစ် #ရော်ဘင် #ရစ်ဘာရီ