ရှေ့သို့
Image

ဒဏ်ရာကြောင့် ဆုံးရှုံးခဲ့တဲ့အချိန်တွေကို ပြန်ယူဖို့ ပစ်မှတ်ထားနေတဲ့ လီဗာပူးစတား ကာတစ်ဂျုံးစ်

10:46 AM, 24 October

လီဗာပူးအသင်းစတား ကာတစ်ဂျုံးစ်က ထူးဆန်းတဲ့ဒဏ်ရာကနေ ပြန်လာနိုင်ခဲ့ပြီးနောက် ဆုံးရှုံးခဲ့တဲ့အချိန်တွေကို ပြန်ယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

လီဗာပူးကွင်းလယ်လူဟာ စနေနေ့ နော်တင်ဟမ်ဖောရက်စ်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပထမဆုံးပြန်လည် ပါဝင်နိုင်ခဲ့တာဖြစ်ပြီး ဝက်စ်ဟမ်းနဲ့ ပွဲအပြီးမှာ ၁၀ ပတ်လောက်နားခဲ့ရတာဖြစ်ပါတယ်။ ဂျုံးစ်ဟာ ဇူလိုင်လတုန်းက ဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး နော်တင်ဟမ်ဖောရက်စ်ကို အရေးနိမ့်ခဲ့တဲ့ပွဲအပြီးှမှာ အသက် ၂၁ နှစ်သားက ဒဏ်ရာ အခြေအနေကြောင်းပြောကြားခဲ့သလို လီဗာပူးအကျီနဲ့အတူ သက်သေပြနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

“အရိုးပွတဲ့အနေအထားပါ။ အဲ့တာကို ဆက်သွားမယ်ဆိုရင် ကျိုးသွားနိုင်ပါတယ်။ ဒီလိုအရာမျိုးဖြစ်တာ ပထမဆုံးအကြိမ်ပါ။ ကျွန်တော်က ဘယ်တုန်းကမှ ဒဏ်ရာမရတဲ့ကလေးပါ။ ကျွန်တော် တံကောက်ကြော ဒဏ်ရာအပြင် အခြားဒဏ်ရာတွေလည်းမရဖူးပါဘူး။ ကျွန်တော် ဒဏ်ရာရတာက ထူးဆန်းပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ၆ ပတ်လောက်နားခဲ့ရပါတယ်။ အရိုးပွလို့ ၄ ပတ်လောက်နားခဲ့ရသလို ပြန်လာပြီး ၂ ကြိမ်လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပေမယ့် ထပ်ဖြစ်ပြီး ၆ ပတ်လောက်ထပ်နားခဲ့ရပါတယ်။ အဲ့တာက ခက်ခဲပါတယ်။ အခုတော့ ကျွန်တော်ပြန်လာနိုင်ခဲ့ပါပြီ။ ပြီးတော့ သက်သေပြချင်ပါတယ်”လို့ ဂျုံးစ်က ပြောကြားခဲ့ပါတယ်။

ဂျုံးစ်ဟာ ပြီးခဲ့ဲတဲ့ရာသီတုန်းက လီဗာပူးအတွက် ၂၇ ပွဲအထိ ပါဝင်ကစားခဲ့ပြီး ၁ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ကလော့ပ်အတွက်တော့ ဂျုံးစ်ပြန်လာတာက သတင်းကောင်းဖြစ်ပြီး လီဗာပူးဟာ ကမ္ဘာ့ဖလားမတိုင်ခင်အထိ ဂျိုတာ ၊ ဒီယက်ဇ်တို့ မပါဝင်ပဲ ကစားရမှာဖြစ်သလို ဒါဝင်နူနက်ဇ် ၊ သီယာဂို ၊ မာတစ် ၊ အာသာမယ်လို ၊ ကိုနာတေးတို့ကလည်း လွဲချော်နေတာဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက်စ်ကို အရေးနိမ့်ခဲ့တာကြောင့် လီဗာပူးဟာ အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး အဆင့် ၁ နေရာက အာဆင်နယ်နဲ့ ၁၁ မှတ်အထိ ကွာဟခဲ့ပြီဖြစ်ပါတယ်။

#လီဗာပူး #ကာတစ်ဂျုံးစ် #ပရီးမီးယားလိဂ်