ရှေ့သို့
Image

ရက်ဒ်ဘူးလ် အချိုရည်သောက်ပြီးနောက် သွင်းဂိုးနဲ့ ဝုဗ် ပရိသတ်တွေကို သရော်လိုက်တဲ့ ဗာဒီ

10:45 AM, 24 October

ဝုဗ် အသင်းကို ၄ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲအတွင်း လက်စတာတိုက်စစ်မှူး ဗာဒီတစ်ယောက် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဝုဗ်ပရိသတ်တွေကို သရော်လိုက်ပါတယ်။

ဒီရာသီမှာ ဗာဒီရဲ့စွမ်းဆောင်ရည်တွေက ကျဆင်းနေပြီး အကျိုးဆက်အနေနဲ့ လက်စတာအသင်းက ရလဒ်တွေ ဆိုးဝါးနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဝုဗ်အသင်းနဲ့ပွဲမှာတော့ ဗာဒီတစ်ယောက် လူစားဝင်လာပြီး သွင်းဂိုးနဲ့ သက်သေပြခဲ့တာဖြစ်ပါတယ်။ ဗာဒီတစ်ယောက် လက်စတာအတွက် မက်ဒီဆင်ရဲ့တတိယမြောက်ဂိုးကို ဖန်တီပေးနိုင်ခဲ့ပါတယ်။

အသက် ၃၅ နှစ်သားဟာ အဆုံးသတ်ဂိုးကိုလည်း အသင်းဖော် ကက်စ်တာနီရဲ့ဖန်တီးပေးမှုကနေ သွင်းယူပေးခဲ့ပါတယ်။ ဗာဒီဟာ အခုပွဲမှာလည်း ဒါကာရဲ့နောက်မှသာ လူစားဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး တိုင်လီမန်းစ်က ပွဲကစားချိန် ၈ မိနစ်မှာ ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ အဲ့နောက် ဟာဘေးဘန်းစ်က ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့ပြီး  ၂-၀ ဖြစ်နေချိန်မှာ ဝုဗ်အသင်းက အခွင့်အရေးတွေရခဲ့သေးတာဖြစ်ပါတယ်။

အင်္ဂလန်သားဟာ လူစားမဝင်ခင် ကွင်းဘေးမှာ ရက်ဒ်ဘူးလ်အချိုရည်ကို သောက်နေခဲ့တာဖြစ်ပါတယ်။ အဲ့နောက် လူစားဝင်လာပြီးချိန်မှာ ၄ ဂိုးမြောက်ဂိုးကို သွင်းယူပေးခဲ့ပြီး ရော်ဂျာရဲ့အသင်းဟာ ဝုဗ်အသင်းကို ဂိုးပေါက် ၄ ကြိမ်သာ တည့်ခဲ့ကာ အိမ်ရှင်က ၂၁ ကြိမ်အထိ တည့်ခဲ့တာဖြစ်ပါတယ်။ ဝုဗ်အသင်းဟာ တိုက်စစ်မှာ ပြဿနာရှိနေပြီး ဂျီမီနက်ဒ်တစ်ယောက် အာဆင်နယ်နဲ့ပွဲမှာ ဦးခေါင်းဒဏ်ရာ ရရှိခဲ့ပြီးနောက် အခုလိုပြဿနာရှိလာခဲ့တာဖြစ်ပါတယ်။

ဒီယေဂိုကော်စတာကိုခေါ်ယူထားခဲ့ပေမယ့် လာဂီရဲ့ဝုဗ်အသင်းဂိုးပေါက်ပျောက်မှုပြဿနာကို မဖြေရှင်းနိုင်သေးတာဖြစ်ပါတယ်။ လက်စတာကတော့ တိုက်စစ်ပြဿနာမရှိပဲ ဗာဒီက အသက် ၃၀ အရွယ် ပြောင်းပြီးကတည်းက သွင်းဂိုး ၁၀၀ မြောက်ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး လက်စတာစတားက ဝုဗ်ပရိသတ်တွေကို သရော်တာဟာ ပထမဆုံးအကြိမ်မဟုတ်ပဲ ပြီးခဲ့တဲ့ရာသီတုန်းက ဝုဗ်အသင်းပရိသတ်တွေကို သရော်ခဲ့သေးတာဖြစ်ပါတယ်။

#ဗာဒီ #ဝုဗ် #လက်စတာ #ပရီးမီးယားလိဂ်