ရှေ့သို့
Image

ဆလာနီတာနာအသင်းနည်းပြအဖွဲ့ဝင်ဖြစ်လာတဲ့ ရစ်ဘာရီ

11:33 AM, 23 October

ဆလာနီတာနာ နည်းပြ ဒေးဗစ်နီကိုလာက ဖရန့်ရစ်ဘာရီဟာ သူ့ရဲ့ နည်းပြအဖွဲ့ ဝင်တစ်ယောက် ဖြစ်လာကြောင်း ပြောကြားလိုက်ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ ဖီအိုရင်တီးနား ကစားသမားဟောင်း ရေဘာရီဟာ ယခုမနက်ခင်းမှာ သူ့ရဲ့ ကစားသမားဘဝကို အနားယူကြောင်း ကြေညာခဲ့ပါတယ်။

နည်းပြ နီကိုလာကတော့ ရစ်ဘာရီကို သူ့ရဲ့ နည်းပြအဖွဲ့ဝင် စာရင်းမှာထည့်သွင်း အလုပ်လုပ်သွားမယ်လို့ ပြောလိုက်ပါတယ်။

"ဖရန့်ကို မြင်တဲ့ အခါတိုင်း သူမတူတဲ့ အတွေးမျိုးရရှိပါတယ်။ သူဟာ ဘောလုံးအပေါ်မှာနဲ့ ဆာလာနီတာနာ အသင်းအပေါ် ဘယ်လို ကိုယ်စားပြုတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူ့အနေနဲ့ ဒီမှာ ဆက်နေမယ်ဆိုတော့ ကျွန်တော် ဝမ်းသာမိပါတယ်။ ဒီက ဝန်ထမ်းတွေအတွက်က သူဆက်ရှိနေတာက ပျော်ရွှင်စရာတစ်ခုပါ ။သူအနေနဲ့ ကမ္ဘာကြီးမှာ သူကြိုက်တာ သူလုပ်ချင်တာကို လုပ်လို့ ရ ပါလျက်ကယ်နဲ့ ကျွန်တော်တို့ အသင်းမှာ ဆက်နေဖို့ ရွေးချယ်ခဲ့ပါတယ်။"

"သူဟာ ကျွန်တော်တို့နဲ့ ကဏ္ဍဆုံး ပါဝင်ကူညီပေးပါလိမ့်မယ်။ သူဟာ နည်းပြဖြစ်လာဖို့ အရည်အချင်းတွေ ရှိတယ်။ ပွဲရဲ့ ကစားနေတဲ့ အနေအထားနဲ့ လိုက်ပြီးတော့ ပွဲကို ဖတ်နိုင်စွမ်းရှိတယ်။ အခု သူက ကစားသမားဘဝ လမ်းကြောင်းပေါ်ကနေ နောက်ထပ်လမ်းကြောင်း တစ်ခုအပေါ် ခုန်ကူးလိုက်ပါပြီ။ သူ ကျွန်တော်နဲ့ အတူ နည်းပြ ခုံတန်းမှာ ထိုင်ပြီး လေ့လာသင်ယူသွားမှာကို ကျွန်တော် တကယ် နှစ်သက်ပါတယ်။ "လို့ နည်းပြ နီကိုလာက ပြောကြားခဲ့ပါတယ်။

#စီးရီးအေ #ဆလာနီတာနာ #ရစ်ဘာရီ နီကိုလာ