ရှေ့သို့
Image

စတီဗင်ဂျရတ် နေရာကို အစားထိုးဖို့ ရူဘင်အာမိုရမ်နဲ့ ဆွေးနွေးနေတဲ့ အက်စတွန်ဗီလာ

1:24 PM, 22 October

The Athletic ရဲ့ အဆိုအရ အက်စတွန်ဗီလာ အသင်းဟာ အသင်းကထုတ်ပယ်လိုက်တဲ့ နည်းပြ စတီဗင်ဂျရတ်ရဲ့ နေရာမှာ ရူဘင်အာမိုရမ်နဲ့ အစားထိုးဖို့ အတွက် ဆွေးနွေးနေတယ်လို့ သိရပါတယ်။

အသက် ၃၇ နှစ် အရွယ် အာမိုရမ်ဟာ ဥရောပမှာ အရည်အသွေးပြည့်ဝတဲ့ လူငယ်နည်းပြ အဖြစ် ကျော်ကြားပါတယ်။ သူဟာ စပို့တင်းအသင်းကို ၂၀၂၀ ခုနှစ်မှာ တာဝန်ယူခဲ့ပြီး အသင်းကို ကြီးမားတဲ့ သက်ရောက်မှု ဖြစ်စေခဲ့ပါတယ်။ သူဟာ ၂၀၂၀-၂၁ ခုနှစ်ရာသီမှာ စပို့တင်းအသင်းကို ၁၉ နှစ်ကြာ ဝေးကွာနေခဲ့တဲ့ လိဂ်ဖလားရယူပေးနိုင်ခဲ့ပါတယ်။

ကြာသပတေးနေ့က အက်စတွန်ဗီလာ အသင်းဟာ ဖူဟမ်အသင်းကို ၃ ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် နည်းပြ ဂျရတ်ကို အသင်းကထုတ်ပယ်လိုက်ပါတယ်။ ဗီလာဟာ ပရီးမီးယားလိဂ်မှာ ၁၁ ပွဲ ကစားပြီး ၂ ပွဲသာ အနိုင်ရရှိထားတာပါ။ ဒါကြောင့် အသင်းမှာ ကစားသမားသစ်ခေါ်ယူထားတဲ့ ဗီလာအတွက် ဒါက လက်မခံနိုင်စရာ အခြေအနေတစ်ရပ်ဖြစ်ပါတယ်။

ဗီလာဟာ ပီအက်စ်ဂျီ အသင်း နည်းပြဟောင်း ပိုချက်တီနိုကို ကမ်းလှမ်းခဲ့ပေမယ့် ပိုချက်တီနိုကတော့ ငြင်းဆိုထားပါတယ်။ အသက် ၅၀ အရွယ် ပိုချက်တီနိုဟာ ဥရောပ ထိပ်သီး ကလပ်တွေကို ကိုင်တွယ်ထားတဲ့ အတွေ့အကြုံရှိတာကြောင့် ဗီလာအတွက် သင့်‌တော်တဲ့ နည်းပြတစ်ယောက်ဖြစ်ပါတယ်။

သူဟာ ပီအက်စ်ဂျီ အသင်းကို ၂၀၂၁-၂၂ ခုနှစ်မှာ  လီဂူးဝမ်းဖလားကို ရယူပေးနိုင်ခဲ့ပါတယ်။ သူဟာတော့တင်ဟမ် အသင်းမှာ တာဝန်ယူခဲ့စဉ်ကလည်း ချန်ပီယံလိဂ် ပုံမှန်ဝင်ခွင့်ရပြီး ၂၀၁၉ ခုနှစ်မှာ ဗိုလ်လုပွဲ အထိတက်လှမ်းနိုင်ခဲ့ပါတယ်။ ဗီလာ ပိုင်ရှင်တွေဟာ သောမတ်တူချယ်ကို သဘောကျသူတွေ ဖြစ်ကြပြီး ကမ်းလှမ်းခဲ့ပေမယ့် တူချယ်ကတော့ ငြင်းဆန်ထားပါတယ်။

#အက်စတွန်ဗီလာ #စတီဗင်ဂျရတ် #ပရီးမီးယားလိဂ်