ရှေ့သို့
Image

အာဆင်နယ် အသင်းနဲ့ ကာလရှည်သက်တမ်းတိုးလိုက်တဲ့ မာဂယ်ဟေးစ်

9:00 AM, 22 October

ဂါဘရီရယ်မာဂယ်ဟေးစ်ဟာ အာဆင်နယ်အသင်းနဲ့ ၂၀၂၇ခုနှစ်ထိ သက်တမ်းရှိမယ့် စာချုပ်သက်တမ်းတိုးလိုက်ကြောင်း အသင်းက တရားဝင်ကြေညာခဲ့ပါတယ်။

ဘရာဇီးသားဟာ ယခုနှစ်ရာသီ ပရီးမီးယားလိဂ်မှာ အသင်းအတွက် ၁၀ပွဲကစားပေးထားပြီး ၁ဂိုးသွင်းယူထားခဲ့ပါတယ်။ ဆာလီဘာနဲ့အတူ ခံစစ်မှာ ခြေစွမ်းပြနေတာကြောင့် ဂန်းနားတွေဟာ ယခုနှစ်ရာသီ ၁၀ဂိုးသာ ခွင့်ပြုထားရပြီး ဇယားထိပ်မှာ ၄မှတ်ဖြတ် ဦးဆောင်နေပါတယ်။

၂၀၂၀ခုနှစ် စက်တင်ဘာလမှာ စတင်ပွဲထွက်ခဲ့ပြီးနောက် မာယ်ဟေးစ်ဟာ အာဆင်နယ်အတွက် ၈၁ပွဲ ပါဝင်ကစားထားခဲ့ပါတယ်။ ဘရာဇီးသားဟာ ဖူလ်ဟမ်နဲ့ပွဲမှာ စတင်ပွဲထွက်ခဲ့ပြီးနောက် ဂိုးပါသွင်းနိုင်ခဲ့ကာ အသင်းရဲ့ တစ်လတာအကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။ မာဂယ်ဟေးစ်ဟာ ဘရာဇီးအသင်းအတွက် ပွဲထွက်ခွင့် မရသေးပေမယ့် ၂၀၂၁ခုနှစ် နိုဝင်ဘာလမှာ စီနီယာအသင်းကြီးရဲ့ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

အာဆင်နယ်အသင်းဟာ ယခုလတွေအတွင်း အသင်းရဲ့ တက်လမ်းရှိ လူငယ်ကစားသမားတွေဖြစ်တဲ့ ဆာကာ၊ မာတင်နယ်လီတို့လို ကစားသမားတွေကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားနေကြောင်း သိရပါတယ်။

#အာတီတာ #အာဆင်နယ် #မာဂယ်ဟေးစ် #ပရီးမီးယားလိဂ်