ရှေ့သို့
Image

ဘာစီလိုနာ ကစားသမားဟောင်းတွေကို အတုခိုးပြီး ကြီးပြင်းလာခဲ့ကြောင်း ဝန်ခံခဲ့တဲ့ ဂတ်ပို

2:53 PM, 21 October

ပီအက်စ်ဗွီအသင်းနဲ့ အတူ ခြေစွမ်းပြ ကစားလျက်ရှိတဲ့ ၂၃ နှစ်အရွယ် တောင်ပံကစားသမား ကိုဒီဂတ်ပိုကတော့ ဒီရာသီမှာ သွင်းဂိုး ၁၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်ထားခဲ့ပါတယ်။ နယ်သာလန်လိဂ်ရဲ့ အကောင်းဆုံး ကစားသမားတစ်ယောက်ဖြစ်တာနဲ့အညီ မန်ချက်စတာယူနိုက်တက်ကလည်း ချိတ်ဆက်လျက်ရှိတာကြောင့် မကြာခင်မှာ ဥရောပထိပ်သီး အသင်းတစ်သင်းကို ရောက်ရှိလိမ့်မယ်လို့ ယုံကြည်ရပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက ဂတ်ပိုကိုခေါ်ယူနိုင်ဖို့ တော်တော်လေး နီးစပ်ခဲ့ပြီး ပြောင်းရွှေ့ကြေးကလည်း မြင့်မားခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကက အန်တိုနီကိုပဲ ခေါ်ယူသွားတာကြောင့် ဂက်ပိုရဲ့အပြောင်းအရွှေ့က ဖြစ်မြောက်ခဲ့ခြင်း မရှိပါဘူး။ မကြာခင်ကျင်းပတော့ ကာတာဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာလည်း နယ်သာလန်အသင်းကို ကိုယ်စားပြုပြီး ကစားသွားမှာဖြစ်တာကြောင့် ဒီပြိုင်ပွဲကနေ တောက်ပလာဦးမယ့် ကြယ်တစ်ပွင့်အဖြစ် သတ်မှတ်ခံထားရပါတယ်။

The Times သတင်းစာနဲ့ အင်တာဗျူးမှာတော့ ဂက်ပိုကသူဟာ ဘာစီလိုနာ ကစားသမားဟောင်းတွေကို လေးစားအတုယူခဲ့ဖူးကြောင်း ပြောခဲ့ဖူးပါတယ်။ ဂက်ပိုက “အီဘရာဟင်အဖယ်လေတို့ ဂျက်ဖာဆန်ဖာဖန်တို့ ကစားတာကို ကြည့်ရတာအရမ်း ကြိုက်ခဲ့ပါတယ်။ ကျွန်တော့်အိမ်ရာပေါ်မှာဆိုရင် အဲ့ဒီကစားသမားတွေရဲ့ ပိုစတာအကြီးကြီးတွေရှိတယ်။ နံရံပေါ်မှာဆိုရင်လည်း ပီအက်စ်ဗွီနဲ့ ဘာစီလိုနာကစားသမားတွေရဲ့ ပုံတွေကပ်ထားတယ်။ မဂ္ဂဇင်းတွေဖတ်လို့ ဘောလုံးသမားပုံတွေ ပါလာပြီဆိုတာနဲ့ ချက်ချင်းဖြတ်ထုတ်ပြီး နံရံပေါ်မှာကပ်တော့တာပဲ။ အဖယ်လေနဲ့ ဖာဖန်ကတော့ ကျွန်တော်အကြိုက်ဆုံး ကစားသမားတွေပါ။ ကျွန်တော်သာ နည်းနည်းပိုပြီး အသက်ကြီးမယ်ဆိုရင် ရော်နယ်ဒင်ဟိုတို့ အီတူးတို့ကိုပါ ကြိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ပီအက်စ်ဗွီတစ်သင်းတည်းကိုပဲ အးပေးခဲ့ပေမယ့် တခြားကစားပုံကောင်းတဲ့ အသင်းတွေကစားတာကိုလည်း သဘောကျပါတယ်”ဆိုပြီး ပြောခဲ့ပါတယ်။

အဖယ်လေဟာ ပီအက်စ်ဗွီမှာပဲ ကစားသမားဘ၀ စတင်ခဲ့တာဖြစ်ပြီး ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ လီယွန်နယ်မက်ဆီရဲ့ သွင်းဂိုး ၂ ဂိုးထဲက တစ်ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် ဒဏ်ရာပြဿနာတွေရဲ့ ထိုးနှက်ချက်ကြောင့် ကစားသမားဘ၀ တဖြည်းဖြည်းချင်း နှိမ့်ကျသွားခဲ့ရပါတယ်။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့တွေမှာ တောင်ပံကစားသမားတွေဖြစ်ကြတဲ့ ဖာရန်တောရက်စ်နဲ့ ရာဖင်ဟာတို့အတွက် ပြောင်းရွှေ့ကြေး အများအပြားသုံးပြီး ခေါ်ယူခဲ့ပါတယ်။ လာမယ့်အပြောင်းအရွှေ့တွေမှာလည်း တောင်ပံကစားသမားတွေ ခေါ်ယူဖို့ ရှိသေးတာကြောင့် ဂက်ပိုကလည်း ဘာစီလိုနာကို မရောက်ဘူးလို့ ပြောလို့မပါဘူး။ ဒါပေမယ့် ဂက်ပိုရဲ့ ပြောင်းရွှေ့ကြေးကလည်း နည်းမှာတော့ မဟုတ်ပါဘူး။

#လာလီဂါ #ဘာစီလိုနာ #ပီအက်စ်ဗွီ #ဂတ်ပို