ရှေ့သို့
Image

ရော်နယ်ဒိုဘက်ကနေ ကာကွယ်ပြောဆိုလိုက်တဲ့ ယူနိုက်တက်အသင်းဖော်ဟောင်း နာနီ

10:33 AM, 21 October

ဗုဒ္ဓဟူးနေ့က ယူနိုက်တက်ရဲ့ တော့တင်ဟမ်အား ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပွဲအပြီးခင် အရန်ခုံကနေ ထွက်သွားခဲ့တာကြောင့် အကြောင်းပြချက်ကောင်းကောင်းပေးဖို့ လိုအပ်တာဖြစ်ပါတယ်လို့ အသင်းဖော်ဟောင်းဖြစ်တဲ့ နာနီက ပြောဆိုလိုက်ပါတယ်။

အိုးထရက်ဖို့ဒ်မှာ အကောင်းဆုံးကစားနိုင်ခဲ့တဲ့ ယူနိုက်တက်ဟာ တော့တင်ဟမ်ကို အနိုင်ရရှိခဲ့ပြီး ဖရက်ဒ်နှင့် ဖာနန်ဒက်စ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ထိပ်ဆုံး ၄ သင်းအတွင်း ဝင်ရောက်ဖို့အတွက် အရေးပါတဲ့ နိုင်ပွဲကို ရရှိခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း လူစားလဲမဝင်ရောက်ခဲ့ရတဲ့ ရော်နယ်ဒိုကတော့ ပွဲသိမ်းခရာမမှုတ်မီ အရန်ခုံကနေ ဥမျှင်အတွင်းသို့ ဝင်ရောက်သွားတာဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် ကစားသမားဟာ အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံခြင်းမရှိခဲ့ဘဲ ကွင်းအတွင်းကနေ အစောဆုံးထွက်ခွာခဲ့သူဖြစ်ပါတယ်လို့ The Athletic က ဖော်ပြထားပါတယ်။ အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့သော်လည်း ရော်နယ်ဒိုရဲ့ စောစီးစွာထွက်ခွာသွားမှုအပေါ် ဖြေကြားပေးဖို့ မီဒီယာတွေရဲ့ တောင်းဆိုခြင်းကို ယူနိုက်တက်နည်းပြ တန်ဟက်က ခံခဲ့ရတာဖြစ်ပါတယ်။ ပေါ်တူဂီမှာနဲ့ ယူနိုက်တက်မှာပါ ရော်နယ်ဒိုနဲ့အတူ တွဲကစားခဲ့ဖူးတဲ့ နာနီက ရော်နယ်ဒိုရဲ့ စောစီးစွာထွက်ခွာသွားမှုနဲ့ပတ်သက်ပြီး အသင်းဖော်ဟောင်းရဲ့ဘက်ကနေ ကာကွယ်ပြောဆိုလိုက်ပါတယ်။

"အဲ့ဒီအချိန်မှာ ဘာတွေဖြစ်သွားလဲဆိုတာ ကျွန်တော်လည်းမသိပါဘူး။ သူဟာ ရေချိုးခန်းဝင်ဖို့ လိုအပ်တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်" "သူဟာ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦး ကြီးကျယ်ခမ်းနားတဲ့ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦးဆိုတာ အားလုံးလည်းသိမှာပါ" လို့ နာနီက ပြောပါတယ်။

လက်ရှိအချိန်မှာ နာနီဟာ ဩစတြေးလျအေလိဂ်ရှိ မဲလ်ဘုန်းဗစ်ထရီအသင်းမှာ ကစားနေသူဖြစ်ပြီး တော့တင်ဟမ်နှင့် ယူနိုက်တက်တို့ရဲ့ ပွဲကို ကြည့်ရှုခဲ့ခြင်းမရှိသော်လည်း လူစားမဝင်ရောက်ခဲ့ရတဲ့ ရော်နယ်ဒိုက ဘယ်လိုခံစားနေရမလဲဆိုတာကို သူကသိနေကာ ကွင်းအတွင်းကနေ စောစောထွက်သွားရတာကလည်း သိသာစေတဲ့အရာမဟုတ်ပါဘူးလို့ ပြောဆိုထားတာဖြစ်ပါတယ်။

"ကွင်းအတွင်းမှာရှိဖို့အတွက် သူက တကယ်ကိုကြိုးစားတဲ့သူပါ။ ဦးစားပေးကစားဖို့ ရွေးချယ်ခြင်းမခံခဲ့ရလို့ အနည်းငယ်စိတ်ပျက်မှုတော့ရှိမှာဖြစ်ပါတယ်" "ဒါပေမဲ့ ဒါကလည်း ကွင်းအတွင်းမှာ ကစားချင်တဲ့ သူ့ရဲ့စိတ်ဓာတ်ပဲဖြစ်ပါတယ်။ အကြောင်းပြချက်ကောင်းကောင်းရှိမှာ ဖြစ်တာကြောင့် ကြီးကျယ်တဲ့ပြဿနာ မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်" လို့ နာနီက ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #နာနီ #တော့တင်ဟမ် #ရော်နယ်ဒို #ပရီးမီးယားလိဂ်