ရှေ့သို့
Image

အသင်းဖော် ဟာလန်းအပေါ် ဘော်လွန်းဒီအော်ဆုနှင့်ပတ်သက်ပြီး ပြောဆိုလိုက်တဲ့ ဂမ်ဒိုဂန်

9:15 AM, 21 October

ဒီတစ်ပတ်က ထုတ်ပြန်ခဲ့တဲ့ ဘော်လွန်းဒီအော်ဆုစာရင်းတွင် ဒီဘရိုင်းဟာ ထိပ်ဆုံး ၃ ဦးအတွင်း ဝင်ရောက်ခဲ့တဲ့ ပထမဆုံး မန်စီးတီး ကစားသမားဖြစ်လာခဲ့ပါတယ်။ ဒါလိုမျိုးက ရှည်ကြာနေမှာမဟုတ်ဘဲ အသင်းရဲ့ကစားသမားက အဆိုပါဆုကို မကြာခင်မှာ ရရှိသွားမှာဖြစ်ပါတယ်လို့ မန်စီးတီးက ယုံကြည်နေတာဖြစ်ပါတယ်။

နိုင်ငံနဲ့ကလပ်အတွက် ဆက်လက်ခြေစွမ်းပြသနေတဲ့ ဒီဘရိုင်းပဲဖြစ်ဖြစ်၊ လူငယ်ကစားသမား အသင်းဖော်ပဲဖြစ်ဖြစ် ဒါဟာ ဆွေးနွေးစရာဖြစ်နေပြီး ဖိုဒန်ကလည်း အနာဂတ်မှာ အဆိုပါဆုအတွက် စိန်ခေါ်နိုင်မယ့် ကစားသမား ဖြစ်လာဖို့ရှိနေတာဖြစ်ပါတယ်။ တိုက်စစ်မှုး ဟာလန်းဟာ ဘော်လွန်းဒီအော်ဆုကို ရရှိဖို့ အရည်အချင်းတွေအားလုံးကို ပိုင်ဆိုင်ထားသူဖြစ်ပြီး အချိန်တိုအတွင်းမှာ အီသီဟက်မှာ ခြေစွမ်းပြသဖို့အတွက် အချိန်တွေကို ဖြုန်းတီးသွားမယ့်သူ မဟုတ်ပါဘူးလို့ ဂမ်ဒိုဂန်က ယုံကြည်နေပါတယ်။

"သူ့မှာအရည်အချင်းရှိပါတယ်။ ဒါကိုလည်း အားလုံးက တွေ့မြင်ခဲ့ပြီးပြီဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ အရည်အချင်းများစွာကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ အဲ့ဒီစွမ်းရည်တွေကိုလည်း အသင်းနဲ့ ပွဲစဉ်တွေမှာ ယူဆောင်ထားနိုင်ခဲ့သူဖြစ်ပါတယ်" "ပွဲကစားနေစဉ်နဲ့ လေ့ကျင့်ရေးရှိ သူ့ရဲ့ဆုံးဖြတ်တွေ စိတ်ဓာတ်တွေက အဲ့ဒီလိုအကြောင်းအရာတွေနဲ့ ပတ်သက်လာရင် သူ့အတွက် အရေးပါနေတာဖြစ်ပါတယ်။ ဒါက ထူးခြားတဲ့ အရာတစ်ခုဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဟာ စာနာမှုရှိရာမှာလည်း ထိပ်တန်းပါပဲ" "ပိုကောင်းတဲ့နေရာကို ရောက်ခဲ့ရင်တောင် လက်ရှိ ရောက်ရှိနေတဲ့နေရာသို့ ရောက်ဖို့အတွက် ကြိုးစားခဲ့ရတယ်ဆိုတာကို သူလည်းသိပါတယ်။ ဒါတွေကြောင့်ပဲ လက်ရှိရာသီမှာသာမက နောက်ထပ် နောက်ထပ် ရာသီတွေမှာ သူဟာ ပိုပြီး ပိုပြီးတိုးတက်လာမှာ သေချာပါတယ်" "ဒါတွေကပဲ သူ့ကို ထူးခြားတဲ့ ပိုကောင်းတဲ့ ကစားသမားတစ်ဦးဖြစ်လာစေမှာပါ။ သူဟာ ကစားသမားကောင်း တစ်ဦးဖြစ်နေပြီဖြစ်သော်လည်း ပိုကောင်းအောင်လုပ်ရအုံးမှာဖြစ်ကာ ဒါတွေပဲ ဘော်လွန်းဒီအော်ဆုကို ရရှိဖို့ အခွင့်အရေးတွေဖြစ်မယ်လို့ ထင်ပါတယ်" လို့ ဂမ်ဒိုဂန်က အသင်းရဲ့ဝက်ဆိုဒ်သို့ ပြောပါတယ်။

၂၀၂၂ခုနှစ် ဘော်လွန်းဒီအော်ဆုအတွက် ထုတ်ပြန်ချက်တွင် ဒီဘရိုင်းက တတိယနေရာမှာရှိနေခဲ့ပြီး ပြီးခဲ့ရာသီက ဒေါ့မွန်အတွက် အကောင်းဆုံး ခြေစွမ်းပြသပေးခဲ့တဲ့ ဟာလန်းကတော့ အဆင့် ၁၀ မှာရှိနေခဲ့ပါတယ်။ မားရက်ဇ်က အဆင့် ၁၂၊ ဖိုဒန်နဲ့ ဘာနန်ဒိုဆေးလ်ဗားတို့က အဆင့် ၂၂၊ ကန်ဆယ်လိုက အဆင့် ၂၅ တို့မှာ ရပ်တည်နေခဲ့ပါတယ်။

အမျိုးသားနှင့် အမျိုးသမီးဆုများအတွက် အမည်စာရင်းမှာ ကစားသမားအများဆုံး ပါဝင်နေတာကြောင့် မန်စီးတီးဟာ အကောင်းဆုံးကလပ်ဆုကို ရရှိခဲ့ပါတယ်။

#မန်စီးတီး #ဟာလန်း #ဂမ်ဒိုဂန် #ပရီးမီးယားလိဂ်