ရှေ့သို့
Image

မန်စီးတီးအပေါ် ကလော့ပ်ရဲ့ပြောဆိုမှုကို တုံ့ပြန်လိုက်တဲ့ အဲဗာတန်နည်းပြ လမ်းပတ်

4:28 PM, 19 October

မန်စီးတီးနဲ့စပ်လျဉ်း၍ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်ရဲ့ မှတ်ချက်အပေါ် အဲဗာတန်နည်းပြ လမ်းပတ်က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ယာဂန်ကလော့ပ်က မန်စီးတီးနဲ့ နယူးကာဆယ်တို့ဟာ အပြောင်းအရွှေ့ဈေးကွက်အတွင်း သူတို့လိုချင်တဲ့ ကစားသမားကို ကြိုက်ဈေးပေး၊ ခေါ်ယူနိုင်တဲ့အသင်းတွေဖြစ်ပြီး အခြားအသင်းတွေမှာတော့ သူတို့လို လုပ်ဆောင်နိုင်စွမ်း မရှိဘူးလို့ ဝေဖန်ခဲ့တာပါ။

အင်္ဂါနေ့မှာပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း ချဲလ်ဆီး၊ မန်စီးတီးတို့ရဲ့ ကစားသမားဟောင်း လက်ရှိအဲဗာတန်နည်းပြ ဖရန့်လမ်းပတ်က “မော်ဒန်ဘောလုံးလောကထဲ လူတိုင်းမှာ မတူညီတဲ့အနေအထားတစ်ခုနဲ့ မတူညီတဲ့ရှုထောင့်တစ်ခုရှိမယ်လို့ ကျွန်တော်ယူဆပါတယ်။ တခါတလေမှာ ဒါတွေက ပြောင်းလဲသွားပါတယ်။ ဒါကပဲ ကျွန်တော်တို့တွေ ပရီးမီးယားလိဂ်ကို ကြိုက်နှစ်သက်နေရခြင်းရဲ့ အကြောင်းရင်းလို့ ကျွန်တော်ယူဆမိပါတယ်။ ကျွန်တော် ချဲလ်ဆီးမှာ ကစားခဲ့ဖူးသလို မန်စီးတီးမှာလည်း တစ်နှစ်လောက်ကစားခဲ့ဖူးပါတယ်။ ဒီနေရာမှာ ချစ်စရာကောင်းတဲ့ ပုံပြင်လေးတွေ ရှိခဲ့ဖူးပါတယ်။

မန်စီးတီးက သူတို့ရဲ့ အလွန့်အလွန်ကောင်းမွန်တဲ့ ကွင်းတွင်းစွမ်းဆောင်ရည်ပိုင်းတွေအတွက် ဒီနှစ်ရဲ့အကောင်းဆုံးကလပ်အသင်းဆုကို ဘော်လွန်းဒီအော်ဆုပေးပွဲမှာ ရရှိခဲ့ပါတယ်။ လူတိုင်းရဲ့အမြင်ကတော့ တူညီမှာမဟုတ်ပါဘူး။ မန်စီးတီးရဲ့ဘဏ္ဍာရေးလည်ပတ်ပုံက ထူးဆန်းတယ်လို့ ကျွန်တော်ယူဆခဲ့ပါတယ်။ ကျွန်တော်တို့တွေထက် ဝင်ငွေပိုမိုများပြားပြီး လစာငွေကြေးတွေ ပိုမိုသုံးစွဲနိုင်တဲ့ အသင်းတွေရှိနေပါတယ်။ ဒါပေမယ့် ဒါက မော်ဒန်ဘောလုံးလောကရဲ့ ပုံပြင်လေးတွေပါပဲ။ ဒါတွေအားလုံးက ဆက်စပ်မှုရှိပါတယ်။

လီဗာပူးကလည်း မန်စီးတီးကို နည်းစနစ်ကောင်းကောင်းနဲ့ ယှဉ်ပြိုင်နိုင်ခဲ့တယ်။ သူတို့လည်း ဗန်ဒိုက်နဲ့ အလီဆင်ကို ဝယ်ယူခဲ့တာပဲ။ သူတို့တွေက လီဗာပူးအသင်းလူစာရင်းမှာ ရှင်းရှင်းလင်လင်းမြင်တွေ့ရမှာပါ။ ကလော့ပ်ဘာပြောချင်လဲဆိုတာ ကျွန်တော်နားလည်နိုင်ပါတယ်။ နယူးကာဆယ်နဲ့ယှဉ်လိုက်ရင် ကျွန်တော်တို့နဲ့ လီဗာပူးက အတူတူပါပဲ။ နယူးကာဆယ်က အပြောင်းအရွှေ့ဈေးကွက်နှစ်ခုထဲမှာ ပြောင်းရွှေ့ကြေးပေါင်သန်း ၂၀၀ အထိ သုံးစွဲခဲ့ပါတယ်။ ကျွန်တော်တို့မှာ ဒါမျိုးလုပ်နိုင်စွမ်းမရှိပါဘူး။ မန်စီးတီးမှာကစားဖူးတဲ့သူတစ်ဦးအနေနဲ့ သူတို့ဘယ်လိုစီမံခန့်ခွဲသလဲဆိုတာကို သိရှိခဲ့ရပြီး အဲ့ဒီအချိန်ကတည်းက သူတို့ရဲ့စီမံခန့်ခွဲမှုပုံစံက တကယ်လက်ဖျားခါစရာပဲလို့ ကျွန်တော်ယူဆမိပါတယ်”လို့ ပြောဆိုခဲ့တာပါ။

#လီဗာပူး #အဲဗာတန် #လမ်းပတ် #ကလော့ပ် #ပရီးမီးယားလိဂ်