ရမ်စ်ဒေးလ်ကို စာချုပ်သစ်နဲ့ ဂုဏ်ပြုဖို့ ပြင်ဆင်နေတဲ့ အာဆင်နယ်
2:37 PM, 19 October
အာဆင်နယ်အသင်းဟာ အမ်းမရိတ်ကို ပြောင်းလာပြီးနောက် ၁၄ လအကြာမှာပဲ ဂိုးသမား ရမ်စ်ဒေးလ်ကို စာချုပ်သစ်နဲ့ ဂုဏ်ပြုဖို့ ပြင်ဆင်နေပါတယ်။ ရမ်စ်ဒေးလ်ဟာာ အာဆင်နယ်ကို ၂၀၂၁ သြဂုတ်လတုန်းက ရှက်ဖီးလ်ယူနိုက်တက်ကနေ ပေါင်သန်း ၃၀ နဲ့ ပြောင်းလာခဲ့တာဖြစ်ပါတယ်။
အာတီတာရဲ့ခေါ်ယူမှုကို အများစုက မေးခွန်းထုတ်ခဲ့ကြပေမယ့် လီနိုနေရာကိုကျော်ပြီး အင်္ဂလန်သားက သံသယရှိသူတွေမှားယွင်းကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ ရမ်စ်ဒေးလ်ရဲ့ဘောလုံးကစားဟန်က အာတီတာရဲ့ အသင်းကို တိုးတက်လာစေတဲ့အဓိက အကြောင်းအရင်းတစ်ခုဖြစ်ကာ အာတီတာရဲ့နည်းစနစ်နဲ့လည်း အံဝင်တာဖြစ်ပါတယ်။
ကလပ်အသင်းက အူဘာမီယန်း ၊ အိုဇေးလ်နဲ့ လာကာဇက်တီတို့ကိုရှင်းထုတ်ပြီးနောက် လုပ်ခလစာ ပေးချေမှုနည်းခဲ့သလို အခုချိန်မှာ အဓိက ကစားသမားတွေကို ထိန်းသိမ်းဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။ အက်သလက်တစ်ရဲ့အဆိုအရ အာဆင်နယ်ဟာ ဆာကာ၊ မာတီနယ်လီအပြင် ရမ်စ်ဒဲလ်ကိုပါ စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
အင်္ဂလန်သားရဲ့တိုးတက်လာမှုကို အသင်းက သဘောာကျနေပြီး လစာတိုးမြှင့်ကာ စာချုပ်သစ် ချုပ်ဆိုလိုနေတာ ဖြစ်ပါတယ်။ ရမ်စ်ဒေးလ်ဟာ လာမယ့်ကမ္ဘာ့ဖလားမှာလည်း အင်္ဂလန်အသင်းရဲ့ အဓိက ဂိုးသမားဖြစ်လာဖို့ အလိုရှိနေပါတယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ၁၀ ပွဲကစားထားပြီးချိန်မှာ ၁၀ ဂိုးသာ ပေးထားခဲ့ရပါတယ်။