ရှေ့သို့
Image

ရော်နယ်ဒိုရဲ့ သွင်းဂိုးကို ခွင့်ပြုမပေးခဲ့တဲ့ အပေါ် ဒေါသထွက်နေခဲ့တဲ့ အဲရစ်တန်ဟတ်

3:26 PM, 17 October

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြချူပ် အဲရစ်တန်ဟတ်က တနင်္ဂနွေညမှာ အို့ထရက်ဖို့ဒ် ကွင်းအတွင်း အနီးကပ်ဆုံးကစားထားတဲ့ ပွဲစဉ်တွေမှာ တောက်လျှောက် ခြေစွမ်းပြကစားကာ ရမှတ်တွေ ဆက်တိုက် စုဆောင်းနိုင်လာတဲ့ နယူးကာဆယ်အသင်းကို လက်ခံကစားရတဲ့ ပွဲစဉ်အတွင်း ဂိုးသမားရဲ့ အလစ်အငိုက်ကိုရယူကာ ရော်နယ်ဒိုသွင်းယူလိုက်တဲ့ သွင်းဂိုးအား ကွင်းလယ်ဒိုင်လူကြီး ပေါ်ဆင်မှ သွင်းဂိုကို ပယ်ချခဲ့သလို ပြစ်ဒဏ်ဘောပါ သတ်မှတ် ပေးခဲ့တာကြောင့် အကြီးအကျယ် ဒေါသူပုန်ထ ပေါက်ကွဲနေခဲ့တာပဲ ဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ သွင်းဂိုးကို ပယ်ချခဲ့တဲ့ အပေါ် ပေါက်ကွဲနေခဲ့တဲ့ နည်းပြ တန်ဟတ်က နယူးကာဆယ်အသင်းနဲ့ ကစားနေတဲ့ ပွဲစဉ်ရဲ့ ပွဲသိမ်းခရာမှုတ်ပြီးပြီးခြင်းမှာပဲ ကွင်းလယ်ဒိုင်လူကြီးဆီ သွားရောက်ကာ ပယ်ချခံလိုက်ရတဲ့ ရော်နယ်ဒိုရဲ့ သွင်းဂိုးအပါအဝင် ပင်နယ်တီသတ်မှတ်ပေးသင့်တဲ့ ပြစ်ဒဏ်ဘော ၂ကြိမ်အတွက်ပါ စောဒကတက် ဝေဖန်ခဲ့ပါတယ်။

နယူးကာဆယ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်အပြီး နည်းပြ တန်ဟတ်က“ဒီနေ့ပွဲမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို အားလုံးကလည်း မြင်ပြီးဖြစ်သလို ကျွန်တော်အနေနဲ့လည်း ဘာာကိုမှ မပြောပြချင်အောင် ဖြစ်ရပါတယ်။ ပြီးတော့ တာဝန်ရှိပုဂ္ဂိုလ်တွေဆီကိုလည်း ဘာတွေ ဖြစ်ပျက်ခဲ့လည်း ဆိုတာ ပြောပြချင်မိပါတယ်” “ရော်နယ်ဒိုနဲ့ ဂျေဒန်ဆန်ချို ရရှိရမယ့် ပင်နယ်တီပြစ်ဒဏ်ဘောတွေကိုပါ သတ်မှတ်မပေးခဲ့တဲ့ အပေါ် အတော်လေးကိုစိတ်ပျက်ရပြီး ဘာပြောရမှန်းတောင် မသိတတ်လောက်အောင်ပါပဲ”လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရော်နယ်ဒို #တန်ဟတ် #ပရီးမီးယားလိဂ်