ရှေ့သို့
Image

အာစင်ဝင်းဂါးရဲ့ ပြောကြားချက်ကို တုံ့ပြန်ခဲ့ပြီး ဆာလီဘာကို ချီးကျူးလိုက်တဲ့ တီယာနေး

1:38 PM, 15 October

အာဆင်နယ်နောက်ခံလူ တီယာနေးက အာစင်ဝင်းဂါးရဲ့ အာဆင်နယ်အသင်း ချန်ပီယံဆု စိန်ခေါ်နိုင်မယ့် အသင်းဆိုတဲ့ပြောကြားချက်ကို တုံ့ပြန်ပြောကြားခဲ့ပြီး ဆာလီဘာရဲ့ခြေစွမ်းကိုလည်း ချီးကျူးခဲ့ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံလိဂ်ဝင်ခွင့်ကို ပြိုင်ဘက် တော့တင်ဟမ်အသင်းထံ လွှဲပေးခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ဟာ အခုရာသီသစ်မှာ ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၁၁ ပွဲမှာ ၁ ပွဲသာ အရေးနိမ့်ထားခဲ့ပါတယ်။

အာတီတာရဲ့အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ဒုတိယနေရာက မန်စီးတီးကို ၁ မှတ်ဖြတ်ပြီး ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။ အခုလအစောပိုင်းတုန်းက ဝင်းဂါးတစ်ယောက် အာဆင်နယ်ဟာ အင်္ဂလန်မှာ ဒုတိယအကောင်းဆုံးအသင်းဖြစ်တယ်လို့ အခိုင်အမာပြောကြားခဲ့ပြီး ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့်အသင်းလို့ ထောက်ခံခဲ့ပါတယ်။

“ကျွန်တော့်အမြင်အရဆိုရင် မန်စီးတီးနောက်မှာသာ သူတို့ကို ထားချင်ပါတယ်။ အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံဖြစ်နိုင်ဖို့ ဒုတိယအခွင့်အရေးအကောင်းဆုံး အသင်းဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ စီးတီးက ချန်ပီယံလိဂ်အာရုံစိုက်နေလို့ပါ။ ကျွန်တော်ထင်ပါတယ်။ လီဗာပူး အသင်းအကြောင်းတော့ မသိပါဘူး။ သူတို့ အမှတ်တွေဆုံးရှုံးထားပါတယ်။ ချဲလ်ဆီးကလည်း တည်ငြိမ်တဲ့စွမ်းဆောင်ရည်ရှိမနေပါဘူး”လို့ ဝင်းဂါးက ပြောကြားခဲ့ပါတယ်။

တီယာနေးက အာဆင်းရဲ့ပြောကြားချက်ကို “ကောင်းပါပြီ။ ဘောလုံးမှာာက အံ့သြစရာတွေများပါတယ်။ အစောပိုင်းမှာက လူတိုင်း အမြင့်ဆုံးပစ်မှတ်ကိုပဲ လိုချင်တာပါ။ ဒါပေမယ့် ကျွန်တော်တို့ တစ်ပွဲချင်းအာရုံစိုက်ဖို့ လိုအပ်ပါတယ်။ အခုဆို အသင်းပရိသတ်တွေနဲ့ချိတ်ဆက်မှုက အကောင်းဆုံး အနေအထားမှာရှိနေပါတယ်။ ဒီလိုအနေအထားနဲ့ ကျွန်တော်တို့ ဆက်ကစားရပါမယ်”လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တီယာနေးက အသင်းဖော် ဆာလီဘာရဲ့စွမ်းဆောင်ရည်ကိုလည်း ချီးကျူးပြောကြားခဲ့ပါတယ်။ ဆာလီဘာဟာ ယခင်တုန်းက အငှားနဲ့ အချိန်ကုန်ဆုံးခဲ့ရတာကဖစ်ပြီး အခုမှ အာတီတာရဲ့အစီအစဉ်ထဲမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

“သူအကောင်းဆုံးလုပ်ဆောင်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ့လိုကစားသမားမျိုးနဲ့အတူတူ ကစားခွင့်ရတာ ကံကောင်းပါတယ်။ ပထမဆုံးရောက်လာတုန်းက ခက်ခဲခဲ့ပြီး ငယ်ရွယ်သေးတာကြောင့် အငှားထွက်ကစားခဲ့ရပါတယ်။ အခုတော့ သူက အသင်းရဲ့အဓိကနောက်ခံလူတစ်ဦးဖြစ်လာခဲ့ပါပြီ။ တကယ့်ကို ထိပ်တန်းကစားသမားဖြစ်ပြီး ချီးကျူးမှုတွေနဲ့ ထိုက်တန်ပါတယ်”လို့ တီယာနေးက ပြောကြားခဲ့ပါတယ်။

#ဆာလီဘာ #အာဆင်နယ် #အာစင်ဝင်းဂါး #တီယာနေး #ပရီးမီးယားလိဂ်