ရှေ့သို့
Image

ပေါင် ၃ သန်းဖြင့် လေလံတင်ရောင်းချဖို့ စီစဉ်ထားတဲ့ မာရာဒိုနာရဲ့ ဘုရားပေးတဲ့လက် ဘောလုံး

1:29 PM, 15 October

လွန်ခဲ့သော ၃၆နှစ်တုန်းက မာရာဒိုနာဟာ အာဂျင်တီးနားနှင့် အင်္ဂလန်တို့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်တွင် ဘောလုံးသမိုင်းကြောင်းမှာ သမိုင်းတွင်ရစ်မယ့် အပြုမူတစ်ခုကို လုပ်ခဲ့တာဖြစ်ပါတယ်။ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ မာရာဒိုနာဟာ ၂ ဂိုးသွင်းယူခဲ့တာဖြစ်ပြီး အငြင်းပွားဖွယ်ရာ ပထမဂိုးကို ပွဲကစားချိန် ၅၁ မိနစ်မှာ နာပိုလီ ကစားသမားဟောင်းက သွင်းယူခဲ့တာဖြစ်ပါတယ်။

အသင်းအတွက် ၂ ဂိုးဖြင့် ဦးဆောင်ခွင့်ရရှိအောင် ပြိုင်ဘက်ကစားသမား ၅ ဦးကို ကျော်ဖြတ်ကာ သွင်းယူခဲ့တဲ့ မာရာဒိုနာဟာ "မာရာဒိုနာရဲ့ခေါင်းကနည်းနည်းက ဘုရားပေးတဲ့လက်ကနည်းနည်းပါ" လို့ ပြောခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အာဂျင်တီးနားဟာ မက္ကဆီကိုမှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားကို ဒုတိယအကြိမ်မြောက် ရရှိသွားခဲ့တာဖြစ်ပါတယ်။

ရာစုနှစ် ၄စု လောက်အကြာမှာတော့ အဆိုပါဂိုးကို ခွင့်ပြုပေးခဲ့တဲ့ ဒိုင်လူကြီး အလီဘင်နက်ဆာက မာရာဒိုနာ လက်နဲ့ထိခဲ့တဲ့ သေးငယ်တဲ့ ဘောလုံးကို ရောင်းချတာဖြစ်ပါတယ်။ ဘင်နာဆာပိုင်ဆိုင်တဲ့ အဆိုပါဘောလုံးဟာ ခန့်မှန်းတန်ဖိုး ပေါင် ၂.၅ သန်းကနေ ၃ သန်းနီးပါးရှိတာဖြစ်ပြီး သူဟာ အဆိုပါပွဲက သူ့ရဲ့အင်္ကျီနှင့် မာရာဒိုနာရဲ့ ဂျာစီကိုပါ ရောင်းချတာဖြစ်ပါတယ်။

လေလံဆွဲမယ့်သူများကတော့ အောက်တိုဘာ ၂၈ ရက်နေ့မှစတင်ကာ ဈေးပေးလို့ရမှာဖြစ်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ပိတ်သိမ်းမှာဖြစ်ပါတယ်။ အဆိုပါ လေလံပွဲဟာ ကာတာမှကျင်းပမယ့် ကမ္ဘာ့ဖလားမတိုင်ခင် ရက်အနည်းငယ်အလိုမှာကျင်းပမှာဖြစ်ပြီး လေလံသမားဖြစ်တဲ့ ဂရေဟမ်ဘတ်ကတော့ ကမ်းလှမ်းများစွာရရှိဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

"နှစ်သင်းကြားက သမိုင်းအစဉ်အလာနဲ့ လက်ထိခဲ့တဲ့ဘောလုံးက အဆိုပါပွဲကို အကျော်ကြးဆုံး ဖြစ်သွားစေခဲ့တာဖြစ်ပြီး သမိုင်းကြောင်းမှာ စိတ်လှုပ်ရှားဖွယ်ရာ အကောင်းဆုံးပွဲဖြစ်သွားခဲ့ပါတယ်" "အဆိုပါဘောလုံးရဲ့ သမိုင်းကြောင်းကြောင့် လေလံပွဲစတင်တဲ့အချိန်မှာ အများကြီးပေးကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်" လို့ ဂရေဟမ်ဘတ် လေလံပွဲရဲ့ ဥက္ကဌဖြစ်သူ ဘတ်က ပြောပါတယ်လို့ BBC က ဖော်ပြထားပါတယ်။

ဘောလုံးတစ်လုံးကို သန်းနဲ့ချီပြီးရောင်းချတာကို လူတိုင်းကနှစ်သက်ကြမှာတော့မဟုတ်ပါဘူး။ အဆိုပါပွဲမှာ ပါဝင်ကစားခဲ့တဲ့ အင်္ဂလန်ကစားသမားဟောင်းဖြစ်သူ ဂယ်ရီလိုင်ကာက သဘောမကျဖြစ်နေတာဖြစ်ပြီး ဘန်နက်ဆာဘတ်ရဲ့ ဆုံးဖြတ်ချက်တွေက အကျိုးမရှိတာကိုလုပ်တဲ့အရာဖြစ်ပါတယ်လို့ ပြောထားပါတယ်။

"ဒိုင်လူကြီးက ဒီဘောလုံးနဲ့ ဘယ်လိုဆိုးရွားစွာ အဆုံးသတ်လိုက်တာလဲ။ သူက ဘောလုံးကို တစ်ချိန်လုံးထိန်းသိမ်းထားခဲ့ရမှာဖြစ်ပြီး အခုတော့ ငွေသားရရှိဖို့ ထုတ်ရောင်းတယ်ဆိုတာက ဒိုင်လူကြီးတွေရဲ့ သမိုင်းမှာ ဆိုးရွားတဲ့လုပ်ရပ်ပဲဖြစ်ပါတယ်" လို့ လိုင်ကာက talkSPORT သို့ ပြောပါတယ်။

ယခုနှစ် အစောပိုင်းတုန်းကလည်း ဂိုးသွင်းယူဖို့အတွက် အယ်ဒီရေဂိုထံ ဘောလုံးပေးခဲ့တဲ့ စတိဗ်ဟော့ဒ်ဂီကလည်း မာရာဒိုနာရဲ့ အင်္ကျီကို ပေါင် ၇ သန်း ဝန်းကျင်ဖြင့် ရောင်းချခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်အတွက် ၂၄ ပွဲကစားခဲ့တဲ့ ဟော့ဒ်ဂီဟာ မာရာဒိုနာနှင့် ဂျာစီခြင်းလဲလှယ်ခဲ့သူဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ သူဟာ Sotheby မှတဆင့် အဆိုပါ အမှတ်တရပစ္စည်းကို လေလံတင်ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပြီး ဈေးအကြီးဆုံးပစ္စည်းဖြစ်လာခဲ့တာဖြစ်ပါတယ်။

လက်ရှိစံချိန်တင်ရောင်းချထားတဲ့ ပစ္စည်းကတော့ မိုက်ကယ်ဂျော်ဒန်ပိုင်ဆိုင်တဲ့  ၁၉၈၈ ခုနှစ် NBA ဖိုင်နယ်ပွဲစဉ်ကဂျာစီဖြစ်ပြီး ပေါင် ၈.၇ သန်းဖြင့် ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။

#မာရာဒိုနာ #အာဂျင်တီးနား