ရှေ့သို့
Image

မိမိတို့အသင်းဟာ အသန်မာဆုံး အနေအထားနဲ့ ပြန်လာမယ်လို့ ပြောကြားလိုက်တဲ့ လမ်းပတ်

11:01 AM, 15 October

အဲဗာတန်အသင်းနည်းပြ လမ်းပတ်က မိမိတို့အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းကထက် ပိုကောင်းတဲ့အနေအထားမျိုးနဲ့ ပြန်လာမယ်လို့ ယုံကြည်နေပြီး လာမယ့်အပတ်မှာ စမ်းသပ်မှုဖြစ်လာနိုင်တယ်ဆိုတာကို လက်ခံခဲ့ပါတယ်။

အဲဗာတန်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက တန်းဆင်းဇုန်က လွတ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အသင်းကလည်း စွမ်းဆောင်ရည်ပိုင်းမှာ ၈ ပွဲမှာ ၅ ပွဲဆက် နိုင်ပွဲပျောက်ခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာလည်း ၂ ပွဲဆက် အရေးနိမ့်ထားခဲ့ပြီး နောက်ဆုံးပွဲတုန်းက ယူနိုက်တက်ကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။

အခုအပတ်မှာလည်း တော့တင်ဟမ်နဲ့ရင်ဆိုင်ရမှာဖြစ်သလို ကြားရက်မှာ နယူးကာဆယ်နဲ့ ထပ်မံ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် လမ်းပတ်က သူ့အသင်းအနေနဲ့ အကောင်းဆုံးကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

“ကျွန်တော်တို့အနေနဲ့  ဘယ်လိုရိုက်ခတ်မှုကိုမဆို ကျော်ဖြတ်နိုင်ရင် အဆင်ပြေနိုင်ပါတယ်။ အသန်မာဆုံး အနေအထားနဲ့ ပြန်လာနိုင်မယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ကျွန်တော်တို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ယုံကြည်မှုတွေပျောက်ဆုံးနေပါတယ်။ အခုတော့ အသန်မာဆုံးပြန်လာနိုင်မှာပါ။ ဒီပွဲတွေက ကျွန်တော်တို့အတွက် ကြီးမားတဲ့စမ်းသပ်မှုတွေပါ။ ခရီးအရှည်ကြီးသွားရဦးမှာပါ။ ကျွန်တော်တို့ တိုးတက်လာနေပါတယ်။ အလုပ်လည်း ဆက်ကြိုးစားနေပါတယ်။ ကြီးမားတဲ့စိန်ခေါ်မှုတွေရှိနေပါတယ်။ နောက်တန်း ၄ ယောက် နဲ့ ကွင်းလယ် ၃ ယောက်အပြင် အချို့ကစားသမားတွေကလည်း မကစားနိုင်ပါဘူး”လို့ လမ်းပတ်က ပြောကြားခဲ့ပါတယ်။

အဲဗာတန်ဟာ တော့တင်ဟမ်အသင်းထံပြောင်းသွားခဲ့တဲ့ တိုက်စစ်မှူး ရစ်ချာလီဆင်နဲ့လည်း ပြန်လည် ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဘရာဇီးသားဟာ တော့တင်ဟမ်မှာ ကောင်းကောင်းအထိုင်ကျနေပြီး ချန်ပီယံလိဂ်မှာ ၂ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

“ကျွန်တော်ကတော့ မအံ့သြပါဘူး။ ကျန်တဲ့သူတွေ အံ့သြမလားဆိုတာ မသိပေမယ့် သူအဲဗာတန်ကနေ ရောက်လာခဲ့ပေမယ့် အရမ်းကြီး ချီးမွန်းမခံရပါဘူး။ သူက အရည်အချင်းရှိတဲ့သူပါ။ သူ့အကြောင်းလည်း ကျွန်တော်ကောင်းကောင်းသိပါတယ်။ သူဘယ်လိုကစားလဲ ဘယ်လိုခြိမ်းခြောက်နိုင်လဲဆိုတာကိုလည်း သိပါတယ်။ ကျွန်တော်တို့ သူ့ကိုတားဆီးနိုင်ဖို့ ကြိုးပမ်းသွားမှာပါ”လို့  လမ်းပတ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

#အဲဗာတန် #လမ်းပတ် #ပရီးမီးယားလိဂ်