ရှေ့သို့
Image

အိုမိုနီးယားနှင့်ပွဲမှာ ရုန်းကန်ခဲ့ရသော်လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာမှာတော့ ကောင်းမွန်ခဲ့ပါတယ်လို့ ပြောကြားလိုက်တဲ့ ဒါလော့

10:37 AM, 15 October

အိုမိုနီးယားအား ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဟာ အသင်းတစ်သင်း အနေဖြင့် ယူနိုက်တက်ရဲ့ ကောင်းမွန်တဲ့ စိတ်ဓာတ်ကို ပြသလိုက်ပါတယ်လို့ ဒါလော့က ယုံကြည်နေပါတယ်။

ကြာသပတေးနေ့က ယူရိုပါလိဂ်ပွဲစဉ်အဖြစ် အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ပွဲမှာ ယူနိုက်တက်ဟာ ဧည့်သည်အသင်းကြောင့် စိတ်ပျက်ဖွယ်ရာရလဒ်ထွက်ပေါ်တော့မယ့် အနေအထားမှာရှိခဲ့သော်လည်း ၃၄ ကြိမ်မြောက် ကန်သွင်းချက်ကိုတော့ အနိုင်ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲစဉ်တစ်လျှောက်လုံး ဂိုးမပေးရအောင် ပြိုင်ဘက်ဂိုးသမားက ကာကွယ်နိုင်ခဲ့တာဖြစ်ပြီး တွန်မီနေးကတော့ အဆုံးအဖြတ်ဖြစ်စေမယ့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်တွင် လူစားဝင်ရောက်ပြီး ဂိုးသွင်းယူခဲ့တဲ့ ဆိုးလ်ရှားပြီးနောက် တွန်မီနေးဟာ ဥရောပပြိုင်ပွဲများတွင် လူစားဝင်ရောက်ပြီးနောက် မိနစ် ၉၀ မှာ အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ယူနိုက်တက်ရဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။

ဆိုးလ်ရှားလုပ်ခဲ့သလိုမျိုးပဲ တွန်မီနေးဟာ အရန်ခုံကနေ လူစားဝင်ရောက်လာခဲ့ပြီး အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ကာ အသင်းသားတွေရဲ့ စိတ်ဓာတ်ကြံ့ခိုင်ပုံကို ဒါလော့က ပြောပြလိုက်တာဖြစ်ပါတယ်။

"ဒါဟာ ကျွန်တော်တို့ကို နေရာတစ်ခုသလို့ ပို့လိုက်သလို ခံစားလိုက်ရပါတယ်" "၁၁ ဦး၊ ဒါမှမဟုတ် ၁၂ ဦး ၁၃ ဦးရှိနေတဲ့ ကစားသမားပြည့်နေတဲ့ လူစားရင်းမှာ ကြိုးစားမယ်ဆိုရင် အားလုံးက အခွင့်အရေး ရရှိနိုင်တယ်လို့ တွေးနေကြတာဖြစ်ကာ အဲ့ဒီအတွက်လည်း တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်""ဒီလိုပြိုင်ဆိုင်မှုကလည်း အားလုံးအတွက် ကောင်းစေပြီး အထူးသဖြင့် ကျွန်တော်တို့ ကစားသမားတွေအတွက် ပိုပြီးကောင်းလာစေတာဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ကို အမြဲတိုးတက်စေတာဖြစ်ပြီး အကောင်းဆုံးကို ရရှိစေနိုင်တယ်လို့ ကျွန်တော်ထင်မိပါတယ်"

"ကျွန်တော်တို့တွေက စိတ်ရှည်ရမှာပါ။ ကျွန်တော်တို့က အခွင့်အရေးဖန်တီးခဲ့တယ် အခွင့်အရေးတွေ ဘယ်လောက်အများကြီး ဖန်တီးခဲ့သလဲဆိုတာကို မမှတ်မိတော့ပါဘူး။ ဒါပေမဲ့ အဆုံးသတ်က ပိုပြီးသေချာခဲ့သင့်တာဖြစ်ပြီး အဆုံးသတ်မှာ ဂိုးရရှိဖို့ ထိုက်တန်တယ်လို့ ထင်မိပါတယ်" "ဒီလိုဖြစ်တာတဲ့ အခါမှာ စိတ်ရှည်ခြင်းက စိတ်ပျက်စရာမဖြစ်စေခဲ့ပါဘူးလို့ ထင်မိပါတယ်။ အချိန်တွေ ကုန်လွန်သွားတာကို တွေ့မြင်ခဲ့ရသော်လည်း ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အကောင်းဆုံးလုပ်ခဲ့တယ်လို့ ထင်မိပါတယ်"

"ပြိုင်ဘက်ရဲ့ ဂိုးဧရိယာထဲကို ရောက်တဲ့အချိန်မှာ ကျွန်တော်တို့က စိတ်ရှည်ရမှာပါ။ ကျွန်တော်ပြောခဲ့သလိုပါပဲ အဆုံးသတ်က ပိုပြီးသေချာရမှာဖြစ်သော်လည်း အဆုံးသတ်မှာ ကျွန်တော်တို့က ဂိုးရရှိဖို့ထိုက်တန်ခဲ့ပြီး အနိုင် ၃ မှတ်ရရှိခဲ့ပါတယ်" လို့ ဒါလော့က ပြောပါတယ်။

ဒါလော့ရဲ့ အဆုံးသတ်ချောဖို့လိုတယ်လို့ ပြောဆိုချက်ကလည်း ဂိုးရရှိဖို့ ၄.၃ အထိရှိနေတဲ့ အချက်တွေကနေ လာတာဖြစ်ပါတယ်။ ဒါဟာ ၂၀၁၀ လောက်ကတည်းက ဒုတိယအကြိမ်ဖြစ်ပြီး အဲ့ဒီတုန်းက ယူနိုက်တက်ဟာ ပင်နယ်တီရရှိဖို့အပါအဝင် တစ်ပွဲလုံးမှာ ဂိုးရရှိဖို့ ၄.၀ အထိ ရှိခဲ့တာဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲမှာ ၈ ပွဲအထိ အနိုင်ရရှိထားတာဖြစ်ပြီး အဆိုပါ ၂ ပွဲကလည်း မန်စီးတီး၊ ရီးရဲလ်ဆိုစီဒက်စ်တို့နဲ့ပွဲမှာဖြစ်ပါတယ်။ မန်စီးတီးကို ရှုံးနိမ့်ခဲ့သော်လည်း နည်းပြတန်ဟက်ရဲ့ လက်အောက်မှာ အကောင်းဆုံးတိုးတက်နေပြီဖြစ်ကာ အသင်းက သူတို့ရောက်ချင်တဲ့အနေအထားသို့ မရောက်သေးပါဘူးလို့ ဒါလော့က ပြောကြားထားပါတယ်။

"တိုးတက်ဖို့အတွက် ကျွန်တော်တို့မှာ အချိန်တွေအများကြီးရှိပါသေးတယ်။ ပွဲစဉ်တွေက မြန်မြန်ကစားနေရတာဖြစ်လို့ မတူညီတဲ့ပွဲစဉ်တွေအတွက် ကျွန်တော်တို့က ပြင်ဆင်ထားရမှာဖြစ်ပါတယ်" "အားလုံးခြုံလိုက်မယ်ဆိုရင် နည်းပြတောင်းဆိုတာတွေကို ကျွန်တော်တို့က အကောင်းဆုံး တုန့်ပြန်နိုင်ခဲ့တာဖြစ်ပြီး အထူးသဖြင့် ရာသီကြိုမှာ ကျွန်တော်တို့ထံသို့ သတင်းအချက်အလက်တွေ အများကြီးပေးနိုင်ခဲ့ပါတယ်" လို့ ဒါလော့က ထပ်လောင်း ပြောကြားပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ နယူးကာဆယ်နှင့် အိုးထရက်ဖို့ဒ်မှာ ကစားရမျာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ယူရိုပါလိဂ် #ဒီယေဂိုဒါလော့ #အိုမိုးနီးယား