ရှေ့သို့
Image

ဒါဝင်နူနက်ဇ်ဘက်ကနေ ကာကွယ်ပြောကြားခဲ့တဲ့ မိုက်ကယ်အိုဝင်

3:53 PM, 14 October

လီဗာပူးတိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ရိန်းဂျားစ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဒါဝင်နူနက်ဇ်ဘက်ကနေ ကာကွယ်ပြောကြားလိုက်ပါတယ်။

ကလော့ပ်ဟာ အခုနွေရာသီတုန်းက နူနက်ဇ်ကို ဘင်ဖီကာ အသင်းထံကနေ ပေါင် ၆၄ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ တစ်ချို့ကျွမ်းကျင်သူတွေက ဒါဝင်နူနက်ဇ်အနေနဲ့ မန်စီးတီးမှာ ဟာလန်းအောင်မြင်နေသလိုမျိုး အောင်မြင်လိမ့်မယ်လို့ ထောက်ခံခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဟာလန်းက စီးတီးမှာ ၁၃ ပွဲကစားပြီး ဂိုး ၂၀ အထိ သွင်းယူနိုင်ခဲ့ပြီး နူနက်ဇ်က ၁၀ ပွဲမှာ ၄ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

အသက် ၂၃ နှစ်သားက အင်္ဂလန်ကိုပြောင်းလာပြီးချိန်မှာ ဘာသာစကားအခက်အခဲရှိတယ်လို့ မကြာသေးခင်တုန်းက ထုတ်ဖော်ပြောကြားထားခဲ့ပါတယ်။ ဒါပေမယ့် ရိန်းဂျားစ်အသင်းကို ၇-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ နူနက်ဇ်တစ်ယောက် ဂိုးသွင်းနိုင်ခဲ့သလို အာဆင်နယ်ကို ၃-၂ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာလည်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။

အိုဝင်က နူနက်ဇ်ဘက်ကနေ ကာကွယ်ပြောကြားရာမှာ “လူတွေက အများကြီးပြောနေပါတယ်။ လီဗာပူး တိုက်စစ်မှူးသစ်နဲ့ပတ်သက်ပြီး ကျွန်တော် မသေချာပါဘူး။ သူလီဗာပူးမှာ ဘာအမှားမှမလုပ်ပါဘူး။ အာဆင်နယ်နဲ့ပွဲမှာ ဂိုးသွင်းခဲ့သလို ရိန်းဂျားစ်နဲ့ပွဲမှာလည်း သွင်းနိုင်ခဲ့ပါတယ်။ အခွင့်အရေးတွေအများကြီးရခဲ့ပါတယ်။ ဖာမီနိုအကြောင်း ကျွန်တော်တို့ ပြောခဲ့ကြပါတယ်။ သူဆိုလည်း အာဆင်နယ်နဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ သူ့အကြောင်း ကျွန်တော်တို့သိပါတယ်။ တချက်ထိယုံနဲ့ ထိပ်တန်းအဆင့်မျိုးဆိုတာ”လို့ အိုဝင်က ပြောကြားခဲ့ပါတယ်။

နူနက်ဇ်ဟာ အခုရာသီအစောပိုင်းတုန်းကလည်း ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ပဲလေ့စ်နဲ့ပွဲမှာ အန်ဒါဆန်ကို ခေါင်းနဲ့တိုက်ခဲ့တာကြောင့် ၃ ပွဲပယ်ခံခဲ့ရပါတယ်။ လီဗာပူးဟာာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရပေမယ့် ချန်ပီယံလိဂ် ၄ ပွဲမှာ ၃ ပွဲအထိ အနိုင်ရရှိထားပါတယ်။

#လီဗာပူး #ကလော့ပ် #ချန်ပီယံလိဂ် #မိုက်ကယ်အိုဝင် #ဒါဝင်နူနက်ဇ်