ဆော်ဒီကလပ် At-Ittihad အသင်းကို ကိုင်တွယ်ပြီး ၃ လအကြာမှာ ထိပ်တန်း အသင်းကို ကိုင်တွယ်ဖို့ ပစ်မှတ်ထားနေတဲ့ နူနိုဆန်းတို့
10:14 AM, 14 October
ဝုဗ်အသင်းနည်းပြဟောင်း နူနိုဆန်းတို့တစ်ယောက် ဆော်ဒီကလပ် At-Ittihad အသင်းကို ကိုင်တွယ်ပြီး ၃ လအကြာမှာပဲ ထိပ်တန်းအသင်းကို ကိုင်တွယ်ဖို့ ပစ်မှတ်ထားနေပါတယ်။
ဝုဗ်နဲ့ တော့တင်ဟမ်နည်းပြဟောင်းဟာ ဇူလိုင်လတုန်းက အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ၂၀၂၁ သြဂုတ်လကနေ နိုဝင်ဘာလအထိ လန်ဒန်မှာနေခဲ့တာဖြစ်ပါတယ်။ စပေါ့တ်မေးလ်သတင်းဌာနရဲ့အဆိုအရ ပေါ်တူဂီသားဟာ ဝုဗ်အသင်းကိုပြန်လာဖို့ ပြင်ဆင်နေပြီး အသင်းကို ပရီးမီးယားလိဂ်နဲ့ ၂၀၂၀ တုန်းက ယူရိုပါလိဂ်ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်အောင် စွမ်းဆောင်ရည်ပေးထားနိုင်ခဲ့ပါတယ်။
နူနိုဆန်းတို့ကို တူရကီကလပ် ဂါလာတာစာရေးအသင်းကလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။ ဒါပေမယ့် အခုလက်ရှိအခြေအနေမှာ နူနိုက ဝုဗ်အသင်းကိုပဲ ပြန်ချင်နေတယ်လို့ သိရပါတယ်။ နူနိုဟာ ၂၀၂၀ - ၂၁ ရာသီအကုန်တုန်းက အထုတ်ခံခဲ့ရတာဖြစ်ပြီး ၃ နှစ်စာချုပ်မှာ ၁ နှစ်သာ ကိုင်တွယ်ခဲ့ရတာဖြစ်ပါတယ်။
နည်းပြနေရာအတွက် လိုပက်တီဂူကို ပစ်မှတ်ထားခဲ့ပေမယ့် ပယ်ချခံခဲ့ရတာကြောင့် ဝုဗ်တာဝန်ရှိသူတွေဟာ နူနိုဆန်းတို့ကို ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ ဝုဗ်အသင်းတာဝန်ရှိသူတွေဟာ ဘရူနိုလာဂီကို ခန့်အပ်ခဲ့ပေမယ့် ရလဒ်တွေမကောင်းခဲ့တာကြောင့် အခုလအစောပိုင်းတုန်းက ထုတ်ပယ်ခဲ့ပါတယ်။
အဲ့နောက် ယာယီနည်းပြအဖြစ် စတိဗ်ဒေးဗစ် ၊ ဂျိမ်းစ်ကော်လင်းတို့က ခရစ္စတယ်ပဲလေ့စ် ၊ နော်တင်ဟမ်ဖောရက်စ်တို့ ပွဲကို ကိုင်တွယ်မှာဖြစ်ပါတယ်။