ဝုဗ် အသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွက်ဖို့ ငြင်းဆိုလိုက်တဲ့ ဂျူလန် လိုပီတီဂူ
12:41 PM, 13 October
စပိန်အသင်းနည်းပြဟောင်း ဂျူလန် လိုပီတီဂူဟာ ဝုဗ်အသင်းကို နည်းပြအဖြစ် တာဝန်ယူဆောင်ရွက်ခွင့်ကို သူ့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းပြချက်နဲ့ ငြင်းဆိုလိုက်ပါတယ်။ ထို့ကြောင့် ပရီးမီးယားလိဂ်အသင်းဟာ လိုပီတီဂူရဲ့ ငြင်းဆိုခြင်းခံခဲ့ရတဲ့ အတွက် အသင်းရဲ့ နည်းပြသစ်ကို ထပ်မံ ရှာဖွေရမှာပါ။ ဝုဗ်အသင်းဟာ သူတို့အသင်းရဲ့ နည်းပြ ဘရူနိုလတ်ကို ယခုလအစောပိုင်းက ထုတ်ပယ်ထားခဲ့ပါတယ်။
ဝုဗ် အသင်းဟာ ယခုရာသီမှာ ပရီးမီးယားလိဂ်ပွဲ ၉ ပွဲ ကစားထားပြီး ၁ ပွဲသာ အနိုင်ရထားကာ ဇယား အဆင့် အောက်ဆုံး တတိယမြောက်မှာ ရှိနေပါတယ်။ လိုပီတီဂူကတော့ ဆီဗီလာ အသင်းကနေ ထုတ်ပယ်ခံခဲ့ရပြီး ဝုဗ်အသင်းရဲ့ ကမ်းလှမ်းမှုကို မိသားစုကိစ္စ အကြောင်း ပြချက်နဲ့ ငြင်းပယ်ခဲ့ပါတယ်။ သူ့အနေနဲ့ စပိန်မှာပဲ ဆက်ရှိနေချင်တဲ့ အကြောင်းပြချက်ကတော့ အသက် ၉၂ နှစ်အရွယ် သူ့ရဲ့ အဖေနဲ့ နီးကပ်စွာ နေချင်တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
ဝုဗ်အသင်းဟာ ပေါ်တူဂီ ကလပ်ဖြစ်တဲ့ စပို့တင်းလစ္စဘွန်း အသင်းရဲ့ နည်းပြ ရူဘင် အာမိုရန်ကိုလည်း ချိတ်ဆက်ထားပါတယ်။ ဒါပေမယ့် ထိုနည်းပြကို ခေါ်ယူနိုင်ဖို့အတွက် စာချုပ်ဖျက်သိမ်းကြေးကတော့ ပေါင် သန်း ၂၀ ရှိတယ်လို့ စပို့တင်းအသင်းက သတ်မှတ်ထားပါတယ်။
ဝုဗ်အသင်းရဲ့ နောက်ထပ် ချည်းကပ်နေတဲ့ နည်းပြတွေကတော့ ဆဲလ်တစ် အသင်းနည်းပြ ဩစတြေးလျသား အန်ဂီ ပိုစ်တီကော်လူ နဲ့ နောက်ထပ် ပေါ်တူဂီသား နည်းပြ ပက်ဒရိုမာတင်တို့ ဖြစ်ပါတယ်။ မာတင်ကတော့ လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေပြီး နောက်ဆုံး ကိုင်တွယ်ထားတဲ့ အသင်းကတော့ အိုလံပီယာကော့ အသင်းကို ကိုင်တွယ်ထားခဲ့ပါတယ်။