ဘာရယ်လာ လူကျွံနေတယ်အထင်နဲ့ ဘာစီလိုနာ နောက်တန်းတွေကို အေးဆေးပဲလို့ လက်ကာပြခဲ့တဲ့ ပီကေး
10:02 AM, 13 October
စပိန်ကလပ် ဘာစီလိုနာအသင်းက ချန်ပီယံလိဂ်အုပ်စု ပွဲစဉ်အဖြစ် ဗုဒ္ဓဟူးနေ့ညတွင် အုပ်စုပထမအကျော့မှာ အရေးနိမ့်ထားခဲ့တဲ့ စီးရီးအေကလပ် အင်တာမီလန် အသင်းကို အိမ်ကွင်းမှာ ပြန်လည် လက်ခံကစားခဲ့ပြီး ၃ဂိုး - ၃ဂိုး သရေ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။
အဆိုပါ ဘာစီလိုအသင်းက အင်တာမီလန်အသင်းနဲ့ ၃ဂိုး - ၃ဂိုး သရေဖြစ်ခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲကစားချိန်အတွင်း ဘာစီလိုနာအသင်းက ၁ - ၀ ရလဒ်ဖြင့် ဦးဆောင်ကစားနေစဉ် ဒုတိယပိုင်း ပွဲကစားချိန် မိနစ် ၅၀ အရောက်မှာတော့ အင်တာမီလန်အသင်းရဲ့ အဓိကကစားသမား တွေဖြစ်ကြတဲ့ ဘက်စ်တိုနီနဲ့ ဘာရယ်လာတို့ရဲ့ ကောင်းမွန်တဲ့ အတွဲအဖက်မှ တစ်ဆင့် ချေပဂိုးပြန်လည် ခွင့်ပြုလိုက်ရပြီး အဆိုပါ သွင်းဂိုးကို သွင်းယူဖို့ အင်တာမီလန်အသင်း ကစားသမား ဘက်စ်တိုနီ မတင်ပေးလိုက်တဲ့ ဘောလုံးဟာ အနားကို ရောက်လာစဉ် ပီကေးက နောက်မှာရှိနေတဲ့ ဘာရယ်လာ လူကျွံနေတင်အထင်ဖြင့် နောက်တန်းကစားသမားတွေကို စိတ်အေးအေးထားကြဖို့ လက်ကာပြပြီး တိုက်တွန်းမှု ပြလုပ်ခဲ့ပေမဲ့ ဘာရယ်လာက လူကျွံမနေခဲ့ဘဲ သွင်းဂိုး ရရှိအောင် သွင်းယူပေးနိုင်ခဲ့ပါတယ်။
၂၀၂၂ - ၂၃ ဘောလုံးရာသီ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စု (C)အတွင်းမှာ ဘာစီလိုနာအသင်းက ဂျာမန်အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ် အပါအဝင် အင်တာမီလန်၊ ဗစ်တိုးရီးယားပယ်လ်ဇန်တို့နဲ့ ၁အုပ်စုတည်း ရောက်ရှိနေတာဖြစ်ပြီး အုပ်စုပွဲစဉ် ၄ ပွဲကစားအပြီးမှာ ၁ပွဲနိုင်၊ ၁ပွဲသရေ နဲ့ ၂ပွဲအထိ အရေးနိမ့်ထားခဲ့တာကြောင့် အုပ်စု တတိယနေရာကို ရောက်ရှိနေပြီ ဖြစ်ကာ နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့ မျှော်လင့်ချက် အားလျော့နေခဲ့ရပြီလည်း ဖြစ်ပါတယ်။
အင်တာမီလန်အသင်းကို ၃ဂိုး - ၃ဂိုး သရေဖြစ်ခဲ့တဲ့ ပွဲစဉ်အတွင်း ဘာစီလိုနာ အသင်းအတွက် သွင်းဂိုးတွေကိုတော့ ပထမပိုင်း ပွဲကစားချိန် မိနစ် ၄၀ မှာ ဒမ်ဘီလီ၊ ဒုတိယပိုင်း ပွဲကစားချိန် ၈၂မိနစ်နဲ့ မိနစ် ၉၀ တို့ အဓိက တိုက်စစ်ကစားသမား လီဝန်ဒေါ့စကီးတစ်ဦးတည်းက ၂ဂိုးသွင်းယူပေးခဲ့တာ ဖြစ်သလို အင်တာမီလန်အသင်း အတွက် သွင်းဂိုးတွေကိုတော့ ပွဲချိန် မိနစ် ၅၀မှာ ဘာရယ်လာ၊ ၆၃ မိနစ် မှာ မာတီနက်ဇ်နဲ့ ပွဲချိန် ၈၉ မိနစ်မှာ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တဲ့ မာတီနက်ဇ်ရဲ့ ဖန်တီးမှုကနေ ဂိုဆမ်စ်က သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။