ရှေ့သို့
Image

လီဗာပူးနဲ့ပွဲမှာ သူတစ်စုံတစ်ခုကြားခဲ့ကြောင်း အခိုင်အမာပြောကြားလာတဲ့ အာဆင်နယ်စတား ဂါဘရီရယ်

11:12 AM, 12 October

အက်ဖ်အေကတော့ အာဆင်နယ် နဲ့ လီဗာပူးပွဲကဖြစ်ရပ်ကို စတင်စုံစမ်းနေပြီး အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်က သူတစ်စုံတစ်ခုကြားခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။

ဘရာဇီးသား နဲ့ ဟန်ဒါဆန်တို့ဟာ ကွင်းလယ်ဒိုင် အိုလီဗာတစ်ယောက် အာဆင်နယ်အသင်းကို ပင်နယ်တီပေးခဲ့တာကြောင့် ခိုက်ရန်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အက်ဖ်အေကတော့ အဆိုပါပွဲက ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး “ကျွန်တော်တို့ အာဆင်နယ် နဲ့ လီဗာပူးတို့ကြားမှာ ပြဿနာဖြစ်ခဲ့တယ်လို့ သတိထားမိခဲ့ပါတယ်။ ပွဲအတွင်းပြောခဲ့တာတွေကို ပြန်လည်ကြည့်ရှုသွားမှာပါ”လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဟန်ဒါဆန်ဟာ အဆိုပါပွဲမှာ အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်ကို လူမျိုးရေးခွဲခြားတဲ့စကားပြောဆိုခဲ့တယ်လို့ သိရပါတယ်။

တိုင်းမ်စ်သတင်းဌာနရဲ့အဆိုအရ ဂါဘရီရယ်ဟာ ကွင်းထဲမှာ သူတစ်စုံတစ်ခုကြားခဲ့တယ်လို့ ပြောကြားခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

ဇာခါတစ်ယောက်လည်း ဟန်ဒါဆန်ရဲ့ပြောကြားချက်ကို ဒေါသတကြီးတုံ့ပြန်ခဲ့ပြီး ဖာမီနို နဲ့ အလီဆင်တို့က ကြားဝင် ဖြေရှင်းခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ လီဗာပူးအသင်းကို အိမ်ကွင်းမှာ ဆာကာရဲ့နောက်ကျပင်နယ်တီသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။

#လီဗာပူး #ချဲလ်ဆီး #မာဂယ်ဟေးစ် #ပရီးမီးယားလိဂ်