ရှေ့သို့
Image

မက်ပီရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး တုံ့ပြန်လိုက်တဲ့ အာဆင်နယ်စတားဟောင်း ပီတစ်

10:58 AM, 12 October

ပြင်သစ်ကစားသမားဟောင်း ပီတစ်က မက်ပီရဲ့ကွင်းပြင်ပဟာသလုပ်ရပ်တွေနဲ့ပတ်သက်ပြီး တုံ့ပြန်ပြောကြားလိုက်ပါတယ်။ 

ပီတစ်က ပီအက်စ်ဂျီစတားအနေနဲ့ ပုဂ္ဂိုလ်ရေးထက် အသင်းရဲ့အရေးကို ပိုပြီးဦးစားပေးသင့်တယ်လို့ ယုံကြည်နေပါတယ်။

“ဒီနေ့မှာ သူက လူတိုင်းကို စိတ်ပျက်စေခဲ့ပါတယ်။ သူက ပုဂ္ဂိုလ်ရေးကိုပဲ ဦးစားပေးပါတယ်။ အလေ့အထတွေထက် သူ့ကိုယ်သူပဲ ရှေ့တန်းတင်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့လတွေက ဖြစ်ပျက်ခဲ့တာတွေအများကြီးပါ။ ပီအက်စ်ဂျီမှာ ရောက်လာချိန်မှာ မှန်ကန်တဲ့အနေအထားမှာရှိပါတယ်။ အဲ့နောက် ဘယ်ဘက်ကို ထွက်ခဲ့ရပါတယ်။

အခုတော့ အလယ်မှာကစားရပါပြီ။ ဒါပေမယ့် ကွင်းထဲမှာ အံမဝင်ပါဘူး။ ကစားသမားတွေက တိုက်စစ်မှာ အချိန်ဖြုန်းတာထက် အပြောင်းအလဲလုပ်တတ်ကြပါတယ်။

အသင်းက ကစားသမားတစ်ဦးထက်ပိုအရေးကြီးပါတယ်။ ဒီနေ့မှာ မက်ပီရဲ့ကြေညာချက်က မဆီလျော်ပါဘူး။ အလေ့အထတွေကို မလေးစားရာကျပါတယ်။ ပြီးတော့ သူ့အသင်းဖော်တွေကိုပါ မလေးစားသလိုပါပဲ”လို့ ပီတစ်က ပြောကြားခဲ့ပါတယ်။

ပြင်သစ်သားဟာ အင်စတာဂရမ်စတိုရီမှာ အသိခက်တဲ့စတိုရီတစ်ခုတင်ခဲ့ပြီး “Pivot gang” ဆိုတဲ့ hashtag ကို အသုံးပြုခဲ့ပါတယ်။

အဆိုပါစတိုရီက နည်းပြ ဂေတီယာတစ်ယောက် သူ့ကိုရိန်းစ်အသင်းနဲ့ပွဲမှာ တိုက်စစ်မှူးအဖြစ် တစ်ဦးတည်းအသုံးပြုရည်ရွယ်ပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားပိုင်ရှင်ဟာ လာမယ့် ဘင်ဖီကာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း ပီအက်စ်ဂျီအတွက် ပါဝင်လာဖွယ်ရှိနေပါတယ်။

#ပီအက်စ်ဂျီ #မက်ပီ #ပီတစ်