ရှေ့သို့
Image

လီနိုနေရာအစားထိုးတာနဲ့ပတ်သက်ပြီး ဖွင့်ဟပြောကြားလာတဲ့ ရမ်စ်ဒဲလ်

10:29 AM, 12 October

အာဆင်နယ်အသင်းဟာ ၂၀၂၁ နွေရာသီတုန်းက ဂိုးသမားနေရာကို အားဖြည့်ခဲ့ပြီး ရှက်ဖီးလ်ယူနိုက်တက်ထံကနေ ရမ်စ်ဒဲလ်ကို ပေါင် ၂၄ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။

ရမ်စ်ဒဲလ်ဟာ အာဆင်နယ်ကိုရောက်လာပြီးနောက် ကာလရှည်ဂိုးသမား လီနိုကို ကျော်ဖြတ်ပြီး ပထမပွဲထွက်ခွင့်နေရာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ရမ်စ်ဒဲလ်က အင်တာဗျူးတစ်ခုမှာ “ဒါက လီနိုပါ။ သူက နိုင်ငံတကာဂိုးသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ၃ နှစ်အတွင်း အကောင်းဆုံးစွမ်းဆောင်ရည်ပြသထားနိုင်ခဲ့ပါတယ်။ ပွဲတွေအရေးနိမ့်တာက သူ့အမှားမဟုတ်ပါဘူး။

သူ့မှာပြဿနာရှိနေတာပါ။ ကျွန်တော်ရောက်လာခဲ့ပေမယ့် သူက အကောင်းဆုံးစွမ်းဆောင်ပြထားနိုင်ခဲ့ပါတယ်။ 

ပြီးတော့ ကျွန်တော် အခွင့်အရေးရလာချိန်မှာ  အကောင်းဆုံးအသုံးချရမယ်ဆိုတာ သိခဲ့ပါတယ်။ ကျွန်တော် ပွဲထွက်ခွင့်ရခဲ့ပေမယ့် သူက ကောင်းမွန်တဲ့ကာကွယ်မှုတွေလုပ်နိုင်ခဲ့ပါတယ်။ အဲ့တာက ကျွန်တော် မလုပ်နိုင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ရမ်စ်ဒဲလ်ကို မကျော်နိုင်တော့တာကြောင့် လီနိုဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ဖူလ်ဟမ်အသင်းထံပြောင်းရွှေ့ခဲ့ပါတယ်။ 

လက်ရှိအချိန်မှာတော့ ရမ်စ်ဒဲလ်ဟာ အာဆင်နယ်အသင်းအတွက် ၄၆ ပွဲအထိ ပါဝင်ကစားထားပြီး လာမယ့် ၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားခွင့်ရဖို့ မျှော်လင့်နေပါတယ်။

အသက် ၂၄ နှစ်သားဟာ ဂိုးပေါက်ကာကွယ်မှု နဲ့ ဘောလုံးဖြန့်ဝေမှုအပိုင်းမှာ ထူးချွန်တာကြောင့် အာဆင်နယ်ရဲ့အဓိကဂိုးသမားဖြစ်လာခဲ့ပြီး ဒီရာသီမှာလည်း စွမ်းဆောင်ရည်ကောင်းတွေပြသနေတာဖြစ်ပါတယ်။

#အာဆင်နယ် #လီနို #ရမ်စ်ဒေးလ် #ပရီးမီးယားလိဂ်