ရှေ့သို့
Image

ကန်တီ ဒဏ်ရာထပ်မံ ရရှိသွားတဲ့အပေါ် စိုးရိမ်နေတဲ့ ချဲလ်ဆီးနည်းပြ ပေါ့တာ

3:17 PM, 11 October

လန်ဒန်အခြေစိုက်ကလပ် ချဲလ်ဆီးအသင်းရဲ့ နည်းပြ ပေါ့တာက အင်္ဂါနေ့ညမှာ အေစီမီလန်အသင်းရဲ့ အိမ်ကွင်း ဆန်စီရို ကွင်းကြီးအတွင်းမှာ သွားရောက် ကစားရမယ့် ပွဲစဉ်မတိုင်မီ အဓိကကွင်းလယ်ကစားသမား အန်ဂိုလိုကန်တီအနေဖြင့် ဒဏ်ရာ ထပ်မံရရှိထားတဲ့အပေါ် စိုးရိမ်နေတာပဲ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်မှာ ထိပ်တန်းခြေစွမ်းကောင်းတွေ ပြသကာ ချန်ပီယံလိဂ် ဖလားကိုပါ အရယူနိုင်ခဲ့တဲ့ ပြင်သစ်ကွင်းလယ်ကစားသမား တစ်ဦးဖြစ်တဲ့ကန်တီ က ပြီးခဲ့တဲ့ ဩဂုတ်လမှာကတည်း က ဒဏ်ရာရရှိနေခဲ့ကာ ချဲလ်ဆီးအသင်းအတွက် ပွဲစဉ်တွေကို ဝင်ရောက် ကစားပေးနိုင်ခြင်း မရှိသေးတာဖြစ်ပြီး လက်ရှိနည်းပြ ဂရေဟမ်ပေါ့တာ ကလည်း ချဲလ်ဆီးအသင်းရဲ့ လူစာရင်းမှာ အမြန်ဆုံး ထည့်သွင်းအသုံးပြုနိုင်ဖို့ရန် မျှော်လင့်နေခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့လို့ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ချဲလ်ဆီးအသင်းဆေးဝန်ထမ်းတွေရဲ့ ထုတ်ပြန်ချက်အရ ကန်တီက နောက်ထပ် ဒဏ်ရာတစ်ခုကို ထပ်မံရရှိသွားခဲ့ပြီးတော့ ချဲလ်ဆီးအသင်းရဲ့ ပွဲစဉ်တွေကို ဆက်လက် ပါဝင်ကစားပေးနိုင်ဖို့ မသေချာသေးတာ ဖြစ်ပါတယ်။

ကန်တီရဲ့ ဒဏ်ရာအခြေအနေနဲ့ ပက်သက်လို့ ချဲလ်ဆီးနည်းပြ ပေါ့တာ က

“အန်ဂိုလိုက လေ့ကျင့်ရေးကွင်းအတွင်းမှာ ကောင်းမွန်တဲ့ လက္ခဏာတွေကို ပြသနိုင်ခဲ့ပေမဲ့ ဒဏ်ရာအခြေအနေတွေနဲ့ ပက်သက်လို့ တော့ စိုးရိမ်စရာပါ”

“သူအနေနဲ့ ဒဏ်ရာသစ်ရရှိသွားခဲ့တာကြောင့် ဒါက သူ့အတွက်သာမက အသင်းအတွက်ပါ ဆိုးရွားတဲ့ သက်ရောက်မှု ဖြစ်စေပါတယ်။ နောက်ထပ် အချိန်ဘယ်လောက်ကြာအောင် အနားယူသွားရမလဲဆိုတာကို စောင့်ကြည့်ရပါမယ်” လို့

ထုတ်ဖော် ပြောဆို ထားခဲ့တာပဲ ဖြစ်ပါတယ်။ 

#ချဲလ်ဆီး #ကန်တီ #ပေါ့တာ