ရှေ့သို့
Image

အာဆင်နယ်စတား ၂ ဦးဟာ ခံစစ်တိုင်းကို ဒုက္ခပေးနိုင်တယ်လို့ ဒန်နီမာဖီပြောကြား

2:20 PM, 11 October

လီဗာပူးအသင်းကို အနိုင်ရရှိပြီးနောက် အာဆင်နယ်စတား ၂ ဦးဖြစ်တဲ့ ဆာကာ နဲ့ မာတီနယ်လီတို့ဟာ ခံစစ်ကစားသမားတိုင်းကို ဒုက္ခပေးနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။

အာဆင်နယ်ဟာ တနင်္ဂနွေနေ့တုန်းက လီဗာပူးအသင်းကို အိမ်ကွင်းမှာ ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည်တက်ရောက်နိုင်ခဲ့ပါတယ်။

မာတီနယ်လီက ဦးဆောင်ဂိုးကို ၁ မိနစ်အကြာမှာ သွင်းယူပေးခဲ့ပြီး ဆာကာရဲ့ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။

“တခါတလေမှာ အချက်အလက်တွေက သာမန်ပါပဲ။ မှန်ပါတယ်။ ဒီနေ့ပွဲမှာဆိုရင် နည်းစနစ် နဲ့ အမှားတွေကို မြင်ရမှာပါ။ အာဆင်နယ်က ဒီနေ့မှာ အကောင်းဆုံးကစားပြနိုင်ခဲ့ပါတယ်။

ဆာာကာ နဲ့ မာတီနယ်လီတို့ဆိုရင် ဘယ်နဲ့ညာမှာ အကောင်းဆုံးခြေစွမ်းပြနေပြီး ခံစစ်ကစားသမားတိုင်းကို ဒုက္ခပေးနိုင်ပါတယ်။

ထိပ်တန်းကစားသမားတွေက အမှားတွေဆီအသင်းကို တွန်းပို့နိုင်ပါတယ်။ သူတို့က မဆုပ်မနစ်ကြိုးစားကြပါတယ်။

ပထမမိနစ်တွေမှာ လီဗာပူးက အရမ်းဆိုးဝါးစွာ စတင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ၂ ဂိုးနဲ့အတူ ပြန်လာနိုင်ခဲ့ပါတယ်။ 

အာဆင်နယ်စတား ၂ ဦးက လီဗာပူးခံစစ်ကစားသမားတွေကို ဒုက္ခပေးခဲ့ပါတယ်။ သူတို့က လျင်မြန်ပြီး အရည်အချင်းပြည့်ဝကြပါတယ်။ ပွဲကိုလည်း အကောင်းဆုံးဖတ်နိုင်ပါတယ်။

အာဆင်နယ်ရဲ့လက်ရှိအခိုက်အတန့်ကို ကျွန်တော် ချစ်ပါတယ်။ သူတို့က ဟန်ချက်ညီနေတာပါ။ ပြီးတော့ လွတ်လွတ်လပ်လပ်နဲ့အကောင်းဆုံးကစားနေတာပါ။

အတွေ့အကြုံရှိတဲ့ကစားသမားတွေနဲ့ လူငယ်တွေနဲ့လည်း ပေါင်းစပ်ထားပါတယ်။ အာတီတာကလည်း သူတို့ကို လွတ်လွတ်လပ်လပ်ပေးကစားထားပါတယ်။

လူငယ်ကစားသမားတွေနဲ့ အခုလိုနည်းပြက လွတ်လွတ်လပ်လပ်ပေးကစားထားတာက အခွင့်အရေးပေးသလိုပါပဲ”လို့ မာဖီက ပြောကြားခဲ့ပါတယ်။

မာဖီက အာဆင်နယ်ဟာ မန်စီးတီးရဲ့သန်မာမှုကြောင့် ချန်ပီယံဆုကို စိန်ခေါ်နိုင်ဦးမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

“လက်ရှိမှာ သူတို့က မန်စီးတီးကို စိန်ခေါ်နိုင်တဲ့အသင်းဖြစ်နေပါတယ်။ ဒါပေမယ့် အရမ်းကြီးတော့ မဖြစ်နိုင်သေးပါဘူး။ အဓိက အကြောင်းပြချက်က သူတို့ရဲ့အကောင်းဆုံး ၁၁ ယောက်ကို မထိန်းနိုင်သေးလို့ပါ။

မန်စီးတီးက အရည်အချင်းပြည့်ဝတဲ့သူတွေများပါတယ်။ အာဆင်နယ်က ကစားသမား၂ ဦး ဒါမှမဟုတ် ၃ ဦလောက်မပါရင် မသန်မာတော့ပါဘူး”လို့ မာဖီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #မာဖီ #ပရီးမီးယားလိဂ်