ရှေ့သို့
Image

ဘရာဂါရဲ့ ရှယ်ယာအနည်းငယ်ကို ဝယ်ယူဖို့ သဘောတူညီမှုရရှိထားတဲ့ ပီအက်စ်ဂျီရဲ့အသင်းပိုင်ရှင်များ

1:45 PM, 11 October

ပီအက်စ်ဂျီအသင်းရဲ့ ကာတာလူမျိုးအသင်းပိုင်ရှင်တွေဟာ ပေါ်တူဂီကလပ် ဘရာဂါရဲ့ ရှယ်ယာအနည်းငယ်ကို ဝယ်ယူဖို့ တနင်္လာနေ့က သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။

နှစ်ပေါင်း ၁၀၁ နှစ် သက်တမ်းရှိပြီဖြစ်တဲ့ကလပ်ရဲ့ ၂၂ % သော ရှယ်ယာကို ဝယ်ယူမှာဖြစ်ပါတယ်လို့ QSI က ပြောခဲ့တာဖြစ်ပြီး လအနည်းငယ်လောက်အတွင်း အပြီးသတ်မှာဖြစ်ပါတယ်လို့ ပေါ်တူဂီဘဏ္ဍာရေးဆိုင်ရာ အကြီးအကဲတွေကို ကလပ်က သတင်းပေးခဲ့တာဖြစ်ပါတယ်။

ဘရာဂါအသင်းဟာ ယူရိုပါလိဂ်မှာ ပုံမှန်ကစားနေရတဲ့အသင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်တုန်းက ဖိုင်နယ်သို့ ရောက်ရှိခဲ့ကာ ပြီးခဲ့တဲ့ ၈ ရာသီအတွင်း အုပ်စုပွဲစဉ်တွေမှာ ၇ ကြိမ်အထိ ကစားခဲ့ရတာဖြစ်ပါတယ်။

ပေါ်တူဂီလိဂ်မှာတော့ ကလပ်ဟာ အဆင့် ၃ နေရာတွင် ရပ်တည်နေပြီး ဘင်ဖီကာ၊ ပေါ်တိုတို့ရဲ့နောက်မှာဖြစ်ကာ အဲ့ဒီနေရာကို ထိန်းသိမ်းနိုင်ခဲ့ပါက ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။

သို့သော်လည်း ၂၀၂၄ခုနှစ်မှသာ အသက်ဝင်မည့် ပြောင်းလဲမှုများကြောင့် အဆင့် ၃ နေရာရရှိခဲ့တဲ့ ကလပ်ဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်သို့ တိုက်ရိုက်ဝင်ခွင့်ရရှိမှာဖြစ်ပြီး ယူအီးအက်ဖ်အေက အဆင့် ၅ သတ်မှတ်ထားတဲ့ လိဂ်ကသာ ဝင်ရောက်ခွင့်ရရှိမှာဖြစ်တာကြောင့် ပေါ်တူဂီဟာ ပြင်သစ်၊ နယ်သာလန်တို့နဲ့ ယှဉ်ပြိုင်နေရတာဖြစ်ပါတယ်။

အသင်းပိုင်ရှင်တစ်ဦးတည်းက မျှဝေဝိုင်ဆိုင်ရဲ့ ကလပ်တွေဟာ ပြိုင်ပွဲတစ်ခုတည်းမှာ ကစားဖို့ ယူအီးအက်ဖ်အေက ပိတ်ပင်ထားသော်လည်း QSI က ရှယ်ယာအနည်းငယ်ကိုသာ ဝယ်ယူထားတာကြောင့် ပီအက်စ်ဂျီနှင့် ဘရာဂါတို့က ပြိုင်ပွဲတစ်ခုတည်းမှာ အတူရှိခဲ့ရင်တောင် အဲ့ဒီစည်းမျဉ်းကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

"ကျွန်တော်တို့ရဲ့ တိုးချဲ့မှုကို အရှိန်မြှင့်ဖို့အတွက် ဒီလို ရှယ်ယာတွေကို ဝယ်ယူခွင့်ရှိတယ်လို့ ယုံကြည်ပါတယ်" လို့ ဘရာဂါ ဥက္ကဌက ပြောပါတယ်။

ပီအက်စ်ဂျီရဲ့ ဥက္ကဌလည်ဖြစ် QSI ရဲ့ ဥက္ကဌဖြစ်သူကလည်း ဘရာဂါအသင်းမှာ ဂုဏ်ယူစရာကောင်းတဲ့ သမိုင်းကြောင်းရှိပြီး ကြီးမားတဲ့ရည်ရွယ်ချက်၊ ကွင်းအတွင်း‌ရောပြင်ပမှာပါ ပေါ်တူဂီမှာ နာမည်ကြီးတဲ့ ကလပ်တစ်ခုဖြစ်ပါတယ်လို့ ပြောထားပါတယ်။


#ဘရာဂါ #ပီအက်စ်ဂျီ