ရှေ့သို့
Image

စိုးရိမ်မှုတွေကို ဖယ်ထုတ်နိုင်မှသာ ဂျူဗင်တပ်စ်အနေနဲ့ ပြန်လာနိုင်မယ်လို့ အယ်လီဂရီဆို

9:20 AM, 9 October

အယ်လီဂရီက ဂျူဗင်တပ်စ်အသင်းအနေနဲ့ ပွဲကြီးတွေကို ချဉ်းကပ်တဲ့နေရာမှာ စိုးရိမ်မှုကို ဖယ်ထုတ်နိုင်မှသာ လက်ရှိ အခြေအနေတွေကို ပြောင်းလဲနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ဘိုလော့ဂ်နာနဲ့ မက္ကာဘီဟိုင်ဖာတို့ကို ၂ပွဲဆက်နိုင်ခဲ့ပေမယ့် ဆန်စီရိုမှာတော့ အေစီမီလန်ကို အရှုံးပေးခဲ့ရပါတယ်။

အဆိုပါပွဲစဉ်မှာ ဂျူဗင်တပ်စ်က အေစီမီလန်နဲ့ယှဉ်ရင် ခြေစွမ်းပိုင်း ကွာဟခဲ့ကြောင်း အယ်လီဂရီက ဝန်ခံခဲ့ရပါတယ်။

အယ်လီရီက "ဒီပွဲအပြီးမှာ ကျွန်တော် နည်းနည်းပြောစရာရှိလာပါတယ်။ ကျွန်တော်တို့ ၂ပွဲဆက် နိုင်ပြီးတဲ့နောက် ဆိုးရွားမှုတွေကနေ ရုန်းထွက်နိုင်မယ်လို့ ထင်မြင်ခဲ့ပါတယ်"

"ဒါပေမယ့် ဒီနေ့ ကျွန်တော်တို့ အဆိုးတွေနဲ့ ကြုံရပြန်ပါတယ်။ ကျွန်တော်တို့ မိနစ်၂၀၊ ၂၅လောက် ကောင်းကောင်းကစားနိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ လူပေးပုံအမှားတွေကြောင့် ပေးဆပ်ခဲ့ရပါတယ်"လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး အယ်လီဂရီက လာမယ့် မက္ကာဘီဟိုင်ဖာနဲ့ ချန်ပီယံလိဂ်ပွဲမှာ ခြေစွမ်းပိုင်း တိုးတက်ဖို့အတွက် တောင်းဆိုခဲ့ပါတယ်။

အယ်လီရီက "ဒီပွဲမှာ မလွဲသင့်တဲ့ ဘောလုံးပေးပို့မှုတွေ ရှိခဲ့ပါတယ်။ နိုင်ပွဲ၂ပွဲက ပြဿနာတွေအားလုံးကို ဖြေရှင်းပေးလိုက်နိုင်တာတော့ မဟုတ်ပါဘူး"

"အချို့ထိုးဖောက်မှုတွေမှာ ကျွန်တော်တို့က ၅ယောက်၊ သူတို့က ၃ယောက်ပဲရှိပြီး အဲ့ဒီလိုအခြေအနေတွေကနေ ဂိုးသွင်းနိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ စိုးရိမ်မှုကင်းကင်းနဲ့ ဆုံးဖြတ်ဖြတ်ချက်မှန်မှန်ချနိုင်ဖို့ လိုပါတယ်"

"အဲ့ဒီလိုမလုပ်နိုင်ရင် ဒီနှစ်ရာသီ ခြေစွမ်းက တည်ငြိမ်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ စိုးရိမ်မှုတွေကို ဖယ်ထုတ်နိုင်မှသာ အခြေအနေတွေကို ပြောင်းလဲနိုင်မှာပါ"လို့ ပြောသွားခဲ့ပါတယ်။

#စီးရီးအေ #ဂျူဗင်တပ်စ် #အယ်လီဂရီ