ရှေ့သို့
Image

ကာရစ်ကို နည်းပြအဖြစ် ခန့်အပ်ဖို့ ပြင်ဆင်လာတဲ့ မစ်ဒယ်ဘရော့

3:46 PM, 8 October

ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အသင်းက ယူနိုက်တက်အသင်းနဲ့အတူ အောင်မြင်မှု များစွာရယူထားနိုင်ခဲ့တဲ့ ဂန္ဓဝင်ကစားသမား တစ်ဦးဖြစ်သလို ယာယီနည်းပြအဖြစ်ပါ ကိုင်တွယ်ထားခဲ့ဖူးတဲ့ မိုက်ကယ်ကာရစ်ကို နည်းပြချူပ် အဖြစ် ခန့်အပ်နိုင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

မစ်ဒယ်ဘရော့အသင်းက ၂၀၂၂ - ၂၃ ဘောလုံးရာသီအတွင်း ခြေစွမ်းပိုင်း ပုံစံကောင်းတစ်ရပ် ရှိမနေတဲ့အပြင် ရလဒ်ပိုင်းတွေပါ ဆက်တိုက်ဆိုးရွားလာကာ ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယားအတွင်း တန်းဆင်းဇုန်၌ ရောက်ရှိနေပြီ ဖြစ်တာကြောင့် နည်းပြ ခရစ်ဝိုင်ဒါ ကို ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ထုတ်ပယ်ခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ မစ်ဒယ်ဘရော့အသင်းက နည်းပြချူပ်အဖြစ် ကိုင်တွယ် ခဲ့ကြတဲ့ အေတာကာရန်ကာ၊ ဝုဒ်ဂိတ်၊ နေးလ်ဝါနော့ခ်၊ ဝီလ်ဒါတို့နဲ့အတူ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ လက်ထောက်နည်းပြ လီယိုပါကိုဗစ်ချ် ကို ယာယီနည်းပြအဖြစ် ဆက်လက်ခန့်အပ်ကာ ကိုင်တွယ်နေစေတာ ဖြစ်ပါတယ်။

မစ်ဒယ်ဘရော့အသင်းက နည်းပြချူပ်အဖြစ် ခန့်အပ်ဖို့ပြင်ဆင်နေတဲ့ အသက် ၄၁နှစ်အရွယ် နယူးကာဆယ်မြို့သား မိုက်ကယ်ကာရစ်ဟာ ယူနိုက်တက်အသင်းရဲ့ ဂန္ဓဝင်ကစားသမား တစ်ဦးဖြစ်ခဲ့သလို နည်းပြ ဆိုးရှားလ် ကိုင်တွယ်စဉ်က ယူနိုက်တက်အသင်းရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးပြီး နည်းပြ ရန်းနက်ကို မခန့်အပ်ခင် ၃ပွဲမှာ ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြ အဖြစ် ကိုင်တွယ်ကာ ၂ပွဲအနိုင်ကစားခဲ့သလို ပုံစံကောင်းရနေတဲ့ ချဲလ်ဆီးကို သရေ ကစားနိုင်ခဲ့ကာ အရေးနိမ့်ထားခဲ့ခြင်းမရှိခဲ့တဲ့ နည်းပြတစ်ဦးပဲ ဖြစ်ပါတယ်။ 

#ကာရစ် #မစ်ဒယ်ဘရော့စ်