ရှေ့သို့
Image

ဇန်နဝါရီ အပြောင်းအရွေ့မှာ ဒီပေးကို ခေါ်ယူဖို့ ကြိုးစားသွားမယ့် နယူးကာဆယ်

2:13 PM, 8 October

နယူးကာဆယ်အသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွေ့မှာ ဘာစီလိုနာ ကစားသမား မာဖစ်ဒီပေးကို ခေါ်ယူနိုင်ဖို့ စီစဉ်နေတယ်လို့ အစီရင်ခံစာတွေ အရ သိရပါတယ်။ နယူးကာဆယ်အသင်းဟာ ကစားသမားကို နွေရာသီတုန်း ကထဲက ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမားဟာ ဘာစီလိုနာအသင်းမှာ ဆက်နေဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။ 

ဘာစီလိုနာအသင်းကတော့ ဒီပေးကို ရောင်းချမယ်လို့ ပြောကြားထားပြီး နာမည်ကြီး ကလပ်များအဖြစ်  ယူနိုက်တက် ၊ တော့တင်ဟမ်နဲ့ ဂျူဗင်တပ် အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ထိုသုံးသင်းထဲမှာ တော့တင်ဟမ်အသင်းက ဒီပေးကို ဇန်နဝါရီ အပြောင်းအရွေ့မှာ ခေါ်ယူချင်နေပါတယ်။ Mundodeportivo အဆိုအရ နယူးကာဆယ်အသင်းကလည်း သူတို့ စိတ်ဝင်စားတဲ့ အတိုင်း ဆက်ပြီးတော့ ကြိုးစားသွားဖို့ရှိတယ်လို့ သိရပါတယ်။ 

ယူနိုက်တက်အသင်းက ဒီပေးကို နွေရာသီတုန်းက ပေါင် ၈ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဘာစီလိုနာ အသင်းကတော့ ပယ်ချထားခဲ့ပါတယ်။ 

ဘာစီလိုနာအသင်းဟာ ဒီပေး အတွက် ပေါင် ‌၁၇ သန်းအထိ လိုချင်ခဲ့ပြီး တော့တင်ဟမ်အသင်းရဲ့ ပေါင် ၁၄ သန်းနဲ့ ကမ်းလှမ်းခဲ့မှုကိုလည်း ပယ်ချခဲ့မယ်လို့ ယူဆရပါတယ်။ 

ဒါပေမယ့် ဒီရာသီမှာ ဒီပေးဟာ နည်းပြဇာဘီရဲ့ ကစားကွက်မှာ အဓိက ပါဝင်ခွင့် မရထားတဲ့ ကစားသမား ဖြစ်ကာ ဒီရာသီ အသင်းအတွက် သုံးပွဲသာ ပါဝင် ကစားထားခဲ့တာကြောင့် ဘာစီလိုနာအသင်းအနေနဲ့  ကစားသမားရဲ့ ပြောင်းရွေ့ကြေးကို လျော့ချလာနိုင်ဖွယ် ရှိနေပါတယ်။ နယူးကာဆယ်အသင်းဘုတ်အဖွဲ့တွေကတော့ ကစားသမားကို ခေါ်ယူနိုင်ဖို့ ခွင့်ပြုနိုင်ချေရှိနေပြီး ‌လာမယ့် အပြောင်းအရွေ့ကာလမှာလည်း အသင်းကို အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေပါတယ်။ နယူးကာဆယ်အသင်းဟာ လာမယ့် အပြောင်းအရွေ့အတွက် ကစားသမား ၆ ယောက်အထိ ဖြည့်တင်းဖို့ ပစ်မှတ်ထားနေပြီး အသင်းကို ဆော်ဒီပိုင်ရှင်သစ် ဝယ်ယူပြီးကထဲက ပေါင် သန်း ၂၁၀ အထိ သုံးစွဲထားပြီး ဖြစ်ပါတယ်။ 

သူတို့ဟာ လက်စတာ ကစားသမား ဂျိမ်းမက်ဒီဆင်ကို တတိယအကြိမ်ကမ်းလှမ်းဖို့ ပြင်ဆင်ထားပြီး လိဒ် ကစားသမား ဂျက်ဟယ်ရီဆင်ကိုလည်း ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ဝက်ဖို့ကစားသမား ဂျာအိုပက်ဒရီရိုနဲ့ ရှက်တာဒိုးနက် ကစားသမား မိုင်ခေလို မူဒရစ်တို့ကိုလည်း ချိတ်ဆက်ထားပါတယ်။ နွေရာသီတုန်းက ကမ်းလှမ်းခဲ့တဲ့ မိုဆာ ဒီယာဘီကိုလည်း ဆက်လက် ခေါ်ယူသွားဖို့ ရှိနေပါသေးတယ်။ 


#နယူးကာဆယ် #ဒီပေး #အပြောင်းအရွှေ့ #ပရီးမီးယားလိဂ်