ရှေ့သို့
Image

ဆဲလ်ဘတ် တိုက်စစ်မှူး နောက်တစ်ဦးကို အနီးကပ်စောင့်ကြည့်နေတဲ့ မန်ချက်စတာယူနိုက်တက်

4:12 PM, 7 October

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆဲလ်ဘတ်အသင်းက အသက် ၂၂ နှစ်အရွယ်တိုက်စစ်မှူး နိုအာအိုအာဖော်ကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဆဲလ်ဘတ်ဟာ ဥရောပရဲ့ အတောက်ပဆုံး ကြယ်ပွင့်ကစားသမားတွေကို မွေးထုတ်ပေးနေတဲ့ အသင်း တစ်သင်း ဖြစ်လာခဲ့ပါတယ်။

ဆာဒီယိုမာနေး၊ ကာရင်အဒီယီမီနဲ့ အာလင်းဟာလန်းတို့လို လက်ရှိကမ္ဘာ့အကောင်းဆုံး ကစားသမား စာရင်းဝင်နေတဲ့ ကြယ်ပွင့်တွေကို ပြီးခဲ့နှစ်တွေအတွင်းမှာ မွေးထုတ်နိုင်ခဲ့ပါတယ်။ အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ ဆဲလ်ဘတ် ကြယ်ပွင့်သစ်တစ်ဦးကတော့ ၂၂ နှစ်အရွယ်ရှိ အိုကာဖော်ပဲ ဖြစ်ပါတယ်။ အိုကာဖော်က ဒီရာသီချန်ပီယံလိဂ်မှာလည်း သွင်းဂိုး ၃ ဂိုးရရှိထားသူ ဖြစ်ပါတယ်။ ဆွစ်ဇာလန်လူငယ်ကစားသမားဟာ ပြည်တွင်းလိဂ်မှာလည်း ၅ ဂိုးသွင်းယူထားပြီး ဖြစ်ပါတယ်။

အခုဆိုရင် Fichajes ရဲ့အဆိုအရ အိုကာဖော်ရဲ့ ခြေစွမ်းဟာ မန်ချက်စတာယူနိုက်တက်ကို မျက်စိကျစေခဲ့ပါတယ်။ ယူနိုက်တက်ဟာ အိုကာဖော်ရဲ့အသင်းဖော် လူငယ်တိုက်စစ်မှူး ဘင်ဂျမင်ဆက်ကို ကိုလည်းစောင့်ကြည့်ခဲ့ပါသေးတယ်။ အိုကာဖော်ရဲ့စာချုပ်ကလည်း ၂၀၂၄ မှ သက်တမ်း ကုန်ဆုံးမှာဖြစ်တာကြောင့် လာမယ့်နွေရာသီမှာ ပိုပြီးကြီးမားတဲ့ အသင်းတစ်သင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။

ဆဲလ်ဘတ်အနေနဲ့လည်း အိုကာဖော်ကို အလွတ်နဲ့မဆုံးရှုံးရစေဖို့အတွက် လာမယ့်နွေရာသီမှာ ရောင်းချဖွယ်ရှိပါတယ်။ အဲ့ဒါကြောင့် မန်ချက်စတာယူနိုက်တက်အနေနဲ့လည်း ဒီရာသီကုန်မှာသာ ခေါ်ယူဖို့ကြိုးစားခဲ့မယ်ဆိုရင် နှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့ ဈေးတစ်ခုနဲ့ ခေါ်ယူနိုင်ဖွယ် ရှိပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆဲလ်ဘတ် #ပရီးမီးယားလိဂ် #အိုအာဖော်