ရှေ့သို့
Image

အာဆင်နယ်မှာ တိုးတက်လာဖို့ရှိသေးတဲ့ စိတ်ဝင်စားဖွယ် ကစားသမား တစ်ယောက်ရှိထားတဲ့အကြောင်း ပြောလာတဲ့ အာတီတာ

11:22 AM, 7 October

ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသကာ ရမှတ် အများဆုံး အသင်းအဖြစ် အမှတ်ပေးဇယားအဆင့်၁နေရာမှာ ရပ်တည်နေတဲ့ အာဆင်နယ် အသင်းရဲ့ နည်းပြ မီခေးလ်အာတီတာက ယခုနှစ်ရာသီမှာ အာဆင်နယ် အသင်းနဲ့အတူ ခြေစွမ်းပြကစားလာနိုင်ကာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုအချို့ ပြုလုပ်လာနိုင်တဲ့ အကယ်ဒမီထွက် တိုက်စစ်ကစားသမား အက်ဒီအန်ခီတီယာ ရဲ့ ခြေစွမ်းပိုင်း က ပြီးခဲ့တဲ့ ၂နှစ်အတွင်းမှာ ခြေစွမ်းပိုင်း တိုးတက်မှုရှိဖို့ ရုန်းကန်ခဲ့ရပေမဲ့ ထပ်မံတိုးတက်ဖို့ အလားအလာရှိသေးတဲ့အကြောင်းကို ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ကြာသပတေးညမှာ ကစားခဲ့တဲ့ ယူရိုပါလိဂ်အုပ်စုပွဲစဉ်အတွင်း အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှာ ဦးဆောင် ပွဲထွက်လာခဲ့တဲ့ အန်ခီတီယာက ပထမပိုင်းပွဲကစားချိန် ၂၃မိနစ် အရောက်မှာပဲ အာဆင်နယ်အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သလို အခြားကစားသမားတွေဖြစ်တဲ့ ရော့ဘ်ဟိုးဒင်းနဲ့ ဖေဘီယိုဗီအဲရာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ နည်းပြ အာတီတာရဲ့အာဆင်နယ်အသင်းက ဘိုဒိုဂလင့် အသင်းကို ၃ဂိုး ပြတ်အနိုင်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ယူရိုပါလိဂ်အုပ်စုပွဲစဉ်အတွင်း မြောက်လန်ဒန်ကလပ်အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ အန်ခီတီယာက ယခုနှစ်ဘောလုံးရာသီအတွင်းမှာ ၁၀ပွဲကစားအပြီးမှာ ပဲ သွင်းဂိုး ၂ဂိုး အပြင် ဂိုးဖန်တီးမှု ၁ကြိမ်ပါ ပြုလုပ်ပေးထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ပြိုင်ဘက် ဘူဒိုဂလင့်အသင်းဘက်ကို အာဆင်နယ်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးထားနိုင်ခဲ့တဲ့ အန်ခီတီယာ နဲ့ ပက်သက်လို့ အာတီတာက“သူ့ရဲ့ ပင်ကိုယ်အရည်အသွေးနဲ့ ခံယူချက်တွေက ကောင်းမွန်ပြီးဖြစ်တာကြောင့် တိုးတက်လာဖို့ အလားအလားတွေ ရှိနေပါတယ်” “ကိုယ်တိုင်ဂိုးသွင်းယူနိုင်သလို ဂိုးဖန်တီးမှုပါ ပြုလုပ်ပေးနိုင်တာကြောင့် သူ့ကို လူစာရင်းမှာ ထည့်သွင်းကစားခွင့်ရတဲ့အပေါ် ပျော်ရွှင်မိပါတယ်။ ပြီးတော့ အာဆင်နယ်လို အသင်းမျိုးမှာ ကစားဖို့ ထိုက်တန်မှုရှိတဲ့ ကစားသမားတစ်ယောက်ပါ” လို့ ချီးကျုးပြောဆိုသွားခဲ့တာ ပဲ ဖြစ်ပါတယ်။

#အာတီတာ #အာဆင်နယ် #ယူရိုပါလိဂ် #အန်ခီတီယာ