ရှေ့သို့
Image

ဗီအဲရာ အနေနဲ့ ဒီထက်ပိုကောင်းအောင် ကစားနိုင်ခဲ့သင့်ကြောင်း ပြောလာတဲ့ အာတီတာ

10:54 AM, 7 October

မီကယ်အာတီတာက ယမန်နေ့ည ယူရိုပါလိဂ်ပွဲစဉ်မှ ကွင်းလယ်လူ ဖေဘီယိုဗီအဲရာရဲ့ ခြေစွမ်းကို ချီးကျူးခဲ့ပေမယ့် ဒီထက်ပိုကောင်းအောင်လုပ်နိုင်ခဲ့သင့်ကြောင်း ပြောလာခဲ့ပါတယ်။ ဗီအဲရာဟာ ပေါ်တိုကနေ ရောက်ရှိလာခဲ့ပြီးနောက် အမ်းမရိတ်မှာ ရလာတဲ့ အခွင့်အရေးတိုင်း အကောင်းဆုံး အသုံးချနိုင်ခဲ့ပြီး ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာလည်း ကောင်းမွန်တဲ့ သွင်းဂိုးတစ်ခုကို သွင်းယူပေးခဲ့ပါတယ်။

ပေါ်တူဂီသားဟာ ယမန်နေ့ည ဘိုဒိုဂလင့်နဲ့ ပွဲစဉ်မှာလည်း ၁ဂိုး ဖန်တီးကာ ၁ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အာတီတာက ဗီအဲရာဟာ ပြိုင်ဘက်တွေကို ခြိမ်းခြောက်နိုင်သူ၁ဦးဖြစ်ပေမယ့် ခံစစ်ပိုင်းနဲ့ ပတ်သက်ပြီး ဒီထက်ပိုကောင်းအောင်လုပ်နိုင်ခဲ့သင့်ကြောင်း ပြောခဲ့ပါတယ်။

အာတီတာက “သူ့ရဲ့အရည်အချင်းကို ခင်ဗျားတို့လည်း မြင်တာပဲ။ သူ ဧရိယာထဲရောက်တိုင်း ခြိမ်းခြောက်နိုင်ပြီး ဉာဏ်သုံးကစားကာ ရဲရင့်တဲ့ ကစားသမား၁ဦးဖြစ်ပါတယ်။ ခံစစ်ပိုင်းနဲ့ ပတ်သက်ပြီး သူ ပိုလုပ်နိုင်ဖို့လိုပြီး ကွင်းတစ်ဝက်လောက်ကနေ ဘောလုံးပြန်လုနိုင်ဖို့ ဒီထက်ပိုလုပ်ပြဖို့ လိုအပ်ပါတယ်”လို့ ဆိုပါတယ်။

အာဆင်နယ်အသင်းဟာ တနင်္ဂနွေညမှာတော့ လီဗာပူးနဲ့ ပွဲကြီးပွဲကောင်းပွဲစဉ်အဖြစ် ကစားသွားရမှာ ဖြစ်ပါတယ်။

#အာတီတာ #အာဆင်နယ် #ယူရိုပါလိဂ် #ဗီအဲရာ