ရှေ့သို့
Image

ပေါင်ခြံဒဏ်ရာ ခွဲစိတ်မှုခံယူခဲ့ရပြီးနောက် ကမ္ဘာ့ဖလားအတွက် မသေမချာဖြစ်နေတဲ့ ဝေါ်ကာ

10:42 AM, 7 October

မန်စီးတီးအသင်းက အင်္ဂလန်ညာနောက်ခံလူရဲ့ ပေါင်ခြံဒဏ်ရာခွဲစိတ်မှုက အောင်မြင်ခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။ ဝေါ်ကာဟာ တနင်္ဂနွေနေ့က မန်ချက်စတာဒါဘီပွဲစဉ်ရဲ့ပထမပိုင်းမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး လူစားလဲခဲ့ရတာဖြစ်ပါတယ်။

ဘယ်အချိန်ပြန်လာနိုင်မလဲဆိုတာ အတိအကျမသိရပေမယ့် အင်္ဂလန်သားက ကမ္ဘာ့ဖလားအမီပြန်လာနိုင်မယ်လို့ ယုံကြည်နေပါတယ်။ အင်္ဂလန်နည်းပြ ဆောက်ဂိတ်အတွက်တော့ ကမ္ဘာ့ဖလားမတိုင်ခင် ၆ ပတ်လောက်ပဲရတဲ့ အနေအထားမှာ စိုးရိမ်စရာဖြစ်လာပါတယ်။

“ဝေါ်ကာတစ်ယောက် ယူနိုက်တက်ကို ၆-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ မန်ချက်စတာဒါဘီမှာ ပေါင်ခြံဒဏ်ရာ ရရှိခဲ့ပြီး ခွဲစိတ်မှုခံယူခဲ့ရပါတယ်။ ခွဲစိတ်မှုက အောင်မြင်ခဲ့ပြီး အချိန်တခုလောက်တော့နားရပါမယ်”လို့ စီးတီးက ထုတ်ပြန်ခဲ့ပါတယ်။

ဝေါ်ကာဟာ ကီဗင်ဖီးလစ်ပြီးနောက် အင်္ဂလန်အသင်းရဲ့ ဒုတိယမြောက်ခွဲ စိတ်မှုခံယူရတဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။ ဖီးလစ်ဟာ ပြီးခဲ့တဲ့လတုန်းက ပခုံးဒဏ်ရာခွဲစိတ်မှုခံယူခဲ့ရတာဖြစ်ပြီး ကမ္ဘာ့ဖလားကိုပါ လွဲချော်ဖို့ များနေပါတယ်။

ဝေါ်ကာဒဏ်ရာကြောင့် ဂွါဒီယိုလာဟာ ကန်ဆယ်လိုကို ဘယ်ကနေ ညာနောက်ခံလူနေရာကို ပို့ခဲ့ရပြီး ချန်ပီယံလိဂ်မှာ ဂိုမက်ဇ်ကို ဘယ်ပို့ခဲ့ရပါတယ်။ အခြားတစ်ဖက်မှာ ဂျွန်စတုန်းက ညာနောက်ခံလူကစားနိုင်ပေမယ့် ဒဏ်ရာ ရရှိနေတာဖြစ်ပါတယ်။ ဆယ်ကျော်သက်စတားတွေဖြစ်တဲ့ လီဝှစ်နဲ့ ဝီလ်ဆင်တို့ကလည်း ကိုဗင်ဟေဂင်နဲ့ပွဲမှာ ပါဝင်ကစားခဲ့ကြပါတယ်။

“ကိုင်လီအချိန်တခုလောက်အထိ နားရမှာပါ။ ကျွန်တော်တို့ ဆရာဝန်နဲ့စကားပြောဖြစ်ပါတယ်။ မကြာခင် သူနဲ့ ကီဗင်ပြန်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။ အသင်းမှာ လူတိုင်းကို လိုအပ်ပါတယ်။ ကျွန်တော်တို့မှာ ညာနောက်ခံလူ နဲ့ ဘယ်နောက်ခံလူ များများစားစားမရှိပါဘူး”လို့ ဂွါဒီယိုလာက ချန်ပီယံလိဂ်ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

#မန်စီးတီး #ကိုင်လီဝေါ်ကာ #၂၀၂၂ကမ္ဘာ့ဖလား