ရှေ့သို့
Image

ဘိုဒိုဂလင့်နဲ့ ပွဲစဉ်က ဗီအဲရာရဲ့ ခြေစွမ်းတွေကို အထူးချီးကျူးမှုတွေ ပြုလုပ်နေကြတဲ့ အာဆင်နယ်ပရိသတ်များ

9:49 AM, 7 October

ဖေဘီယို ဗီအဲရာဟာ ယမန်နေ့ညက ဘိုဒိုဂလင့်နဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် အာဆင်နယ်ပရိသတ်တွေရဲ့ ချီးကျူးမှုကို ရရှိခဲ့ပါတယ်။ ဗီအဲရာဟာ အာဆင်နယ်ကို ပေါင် ၃၄သန်းနဲ့ ရောက်ရှိလာခဲ့ပြီးနောက် ပွဲထွက်ခွင့်ရဖို့ အချိန်တစ်ခုထိ စောင့်ခဲ့ရပါတယ်။

ယခုအချိန်မှာတော့ ကြံ့ခိုင်မှုပြည့်ဝလာခြင်းနဲ့အတူ ဗီအဲရာတစ်ယောက် နည်းပြ အာတီတာကို ခြေစွမ်းပြသခွင့်ရရှိလာခဲ့ပါတယ်။ ယမန်နေ့ညက ဘိုဒိုဂလင့်နဲ့ပွဲစဉ်မှာလည်း ဗီအဲရာဟာ ခြေစွမ်းကောင်းတွေ ပြသလာနိုင်ခဲ့ပြီး သွင်းဂိုး၁ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။

ပထမပိုင်းပွဲချိန် ၂၇မိနစ်မှာ ဗီအဲရာက ဟိုးလ်ဒင်းအတွက် ခေါင်းတိုက်ဂိုးကို ဖန်တီးပေးခဲ့သလို ပွဲပြီးခါနီး သူကိုယ်တိုင် ဂိုးသွင်းနိုင်ဖို့လည်း နီးစပ်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာတော့ ဂျီးဆပ်စ်ရဲ့ ဖန်တီးပေးမှုကနေ ကိုယ်တိုင်သွင်းယူကာ အာဆင်နယ်အတွက် ဂိုးပြတ်နိုင်ပွဲဖန်တီးပေးခဲ့ပါတယ်။ အာဆင်နယ် ပရိသတ်တွေကတော့ ကွင်းလယ်ဖန်တီးရှင်သစ် ဗီအဲရာရဲ့ ခြေစွမ်းအပေါ် လူမှုကွန်ရက်မှာ ချီးကျူးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ပရိသတ်တစ်ဦးက “ငါတို့ အရည်အချင်းရှိတဲ့ ကွင်းလယ်လူတစ်ဦးကို ခေါ်လိုက်တာပဲ”လို့ ရေးသားခဲ့ပါတယ်။ နောက်တစ်ဦးက “ဗီအဲရာက အရမ်းကောင်းတဲ့ ခေါ်ယူမှုပါပဲ”လို့ ဆိုပါတယ်။ အာဆင်နယ်အသင်းဟာ အဆိုပါနိုင်ပွဲကြောင့် အုပ်စုတွင်း ဇယားထိပ်မှာ ရပ်တည်နေကာ ဘိုဒိုဂလင့်ကို ၂မှတ် ဖြတ်ထားခဲ့ပါတယ်။ #အာဆင်နယ် #ယူရိုပါလိဂ် #ဗီအဲရာ #ဘိုဒိုဂလင့်