ရှေ့သို့
Image

ဟာလန်းက လူရောဟုတ်ရဲ့လားလို့ မေးခွန်းထုတ်မိတဲ့အထိဖြစ်ခဲ့ရတဲ့ ကိုပင်ဟေဂင်ဂိုးသမား

11:40 AM, 6 October

ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ဗုဒ္ဓဟူးညတွင် အီတီဟတ်ကွင်းအတွင်း၌ ကစားခဲ့ကြတဲ့ ပွဲစဉ်တွင် အိမ်ရှင်မန်စီးတီးအသင်းက ပြိုင်ဘက် ကိုပင်ဟေဂင်အသင်းကို ၅ - ၀ ရလဒ်ဖြင့် ဂိုးပြတ် အနိုင်ရယူထားနိုင်ခဲ့တာ ဖြစ်ပြီး ယခုနှစ်ရာသီအတွင်း ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနေတဲ့ မန်စီးတီးတိုက်စစ်မှု ဟာလန်း က ပွဲကစားချိန် မိနစ် ၃၀ ဝန်းကျင်အတွင်းမှာပဲ သွင်းဂိုး ၂ဂိုးသွင်းယူသွားခဲ့တာကြောင့် ပြိုင်ဘက်ကို ပင်ဟေဂင်အသင်းရဲ့ ဂိုးသမား ကာမေးလ်ဂရာဘာရာ ကိုယ်တိုင် အံ့အားသင့် ခဲ့ရတဲ့အထိဖြစ်ကာ သဘာဝလွန်ကစားသမားတစ်ယောက် ဖြစ်နိုင်တဲ့အကြောင်း မေးခွန်းထုတ် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း အောင်မြင်မှု ရယူနိုင်ဖို့ တာစူနေတဲ့ နည်းပြ ပက်ဂွာဒီယိုလာရဲ့ မန်စီးအသင်းက ကိုပင်ဟင်ဂင်အသင်းနဲ့ ပွဲစဉ်မှာလည်း တောင့်တင်းတဲ့ လူစာရင်းဖြင့် ပွဲထွက်လာခဲ့ကာ အိမ်ကွင်း အီတီဟတ်အတွင်းမှာပဲ ပြိုင်ဘက်အသင်းကို ဂိုးပြတ်အနိုင်ရယူနိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းက အဆိုပါ ကိုဗင်ဟေဂင်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အတွင်း ပထမပိုင်း ပွဲကစားချိန်အတွင်းမှာပဲ ဟာလန်းရဲ့ သွင်းဂိုး ၂ဂိုးအပြင် ပြိုင်ဘက်ကစားသမား ဒါဗစ်ခိုချိုလာဗာရဲ့ကိုယ့်ဂိုးကို ပြန်လည် သွင်းယူမိခဲ့တဲ့ သွင်းဂိုးနဲ့အတူ ၃ဂိုး ပြတ်ဦးဆောင် ထားနိုင်ခဲ့တာဖြစ်ပြီး ဒုတိယပိုင်း ပွဲကစားချိန်အတွင်းမှာတော့ ညာတောင်ပံကစားသမား မာရက်ဇ်ရဲ့ ပင်နယ်တီသွင်းဂိုးအပြင် ပြီးခဲ့တဲ့ အပြောင်းရွှေ့အတွင်းမှာ ခေါ်ယူထားခဲ့တဲ့ ဂျူလီယန်အယ်ဗာရက်ဇ်ရဲ့ သွင်းဂိုးတွေနဲ့အတူ ၅ဂိုးပြတ် နိုင်ပွဲကို ဖော်ဆောင် ကာ အုပ်စု ပထမနေရာမှာပဲ ဆက်လက်ရပ်တည် ထားလျက်ရှိပါတယ်။

မန်စီးတီးအသင်းက ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလအတွင်းမှာမှ နော်ဝေ လက်ရွေးစင်တိုက်စစ်မှုး ဟာလန်းကို ဒေါ့မွန်အသင်းကနေ ပူပူနွေးနွေး ခေါ်ယူထားတဲ့ ကစားသမား ဖြစ်ပေမဲ့ ပြိုင်ဆိုင်မှု ပြင်းထန်းတဲ့အပြင် ထိပ်တန်းနည်းပြ ထိပ်တန်း ကစားသမားအစုအဖွဲ့တွေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ကြတာတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အစပျိုးချိန်မှာပဲ ဟက်ထရစ် ၃ကြိမ်ရယူကာ အံ့အားသင့်ဖွယ် ဂိုးသွင်းစွမ်းရည်တွေကို ပြသထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဟာလန်းရဲ့ ဂိုးသွင်းစွမ်းရည်နဲ့ ပက်သက်လို့ မန်စီးတီးအသင်းဖော် တစ်ဦးဖြစ်တဲ့ ဂရီးလစ်ချ်ကလည်း “ဒါက မယုံနိုင်စရာကောင်းလွန်းပါတယ်။ သူလို ဂိုးသွင်းစွမ်းရည်မျိုးနဲ့ တိုက်စစ်ကစားသမားကို ကျွန်တော်ဘဝမှာ မကြုံဖူးသေးပါဘူး။ ဒီနေ့ပွဲမှာ သွင်းယူသွားခဲ့တဲ့ သွင်းဂိုး ၂ဂိုးကို ကြည့်ပြီး ကျွန်တော်ဖြင့် ရယ်နေမိတာပါပဲ။ သူက ဂိုးသွင်းရမယ့် နေရာကို အမြဲရောက်နေတတ်လွန်းလို့လေ” လို့ ချီးကျူးစကား ပြောဆိုသွားခဲ့ပါသေးတယ်။

#မန်စီးတီး #ဟာလန်း #ချန်ပီယံလိဂ် #ကိုပင်ဟေဂင်