ယူနိုက်တက်ရဲ့ ပထမပိုင်းခြေစွမ်းကို ဝေဖန်လိုက်တဲ့ ရွိုင်ကိန်း
10:37 AM, 3 October
တနင်္ဂနွေနေ့က အီတီဟက်မှာ ကစားခဲ့တဲ့ ယူနိုက်တက်ရဲ့ပထမပိုင်းခြေစွမ်းကို ရွိုင်ကိန်းက ဝေဖန်ပြောကြားလိုက်ကာ ခံစစ်က စိတ်အားထက်သန်မှုမရှိခဲ့ဘူးလို့ ပြောကြားလိုက်ပါတယ်။
ယူနိုက်တက်ဟာ ၈ မိနစ်အကြာမှာပဲ ဖီးလ်ဖိုဒန်က စီးတီးအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး ပထမပိုင်းမပြီးခင်မှာ ဟာလန်းနဲ့ ဖိုဒန်တို့က ဂိုးတွေ ဆက်တိုက်သွင်းခဲ့ပြီး ၄ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ကိန်းဟာ ယူနိုက်တက် အသင်းရဲ့ပထမပိုင်းစွမ်းဆောင်ရည်ကို ဝေဖန်ခဲ့သလို ကွင်းလယ်မှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ အဲရစ်ဆင်ကိုလည်း ဝေဖန်ခဲ့ပါတယ်။
“နိုး ကျွန်တော် ဘယ်သွင်းဂိုးကိုမှ ပြန်မပြောချင်ပါဘူး။ ယူနိုက်တက်ရဲ့စွမ်းဆောင်ရည်က ကျွန်တော့်ကို ရှော့ခ်ရစေပါတယ်။ စီးတီးက တကယ်ကောင်းခဲ့တာပါ။ ဒါပေမယ့် ပွဲအစကတည်းက ဘာစိတ်အားထက်သန်မှုမှမရှိခဲ့တာပါ။ အဲ့တာက တော်တော်ဆိုးပါတယ်။ စီးတီးကို အခုလိုမျိုးအခွင့်အရေးတွေ မပေးသင့်ပါဘူး။ ပိုပြီးတော့ လွယ်ကူသွားစေပါတယ်။ စိတ်အားထက်သန်မှုကလည်း မရှိသလို အဲရစ်ဆင်ကလည်း အိပ်ပျော်နေပါတယ်။ ဖိုဒန်က ကောင်းကောင်းဒုက္ခပေးခဲ့တာပါ။ ပွဲအစကတည်းက စိတ်အားထက်သန်မှုမရှိခဲ့တာပါ။ အဲရစ်ဆင်က နေရာကောင်းတစ်ခုမှာရှိနေခဲ့တာပါ။ ကျွန်တော် သူ့ရဲ့အားသာချက်ကို မသိပါဘူး။ သူက တိုက်စစ်ကိုပဲ လိုက်ချင်နေတာပါ”လို့ ကိန်းက ပြောကြားခဲ့ပါတယ်။
၄ ဂိုးမြောက်နဲ့ပတ်သက်ပြီး ကိန်းက ဆက်ပြောရာမှာ “အဲရစ်ဆင်က အဲ့နေရာမှာရှိနေတာပါး သူ ဒီဘရိုင်းကို ဖျက်ထုတ်သင့်ပါတယ်။ တကယ်လည်း သူလုပ်ခဲ့ပေမယ့် နောက်ကျခဲ့ပါပြီ။ ယူနိုက်တက်က နေရာလွတ်တွေ အများကြီးပေးနေပါတယ်။ ဟာလန်းက အရည်အချင်းရှိပါတယ်။ တကယ့်ကို စီးတီးက တကယ်ကောင်းခဲ့တာပါ။ ဒါပေမယ့် ယူနိုက်တက်ကတော့ တော်တော်ဆိုးခဲ့ပါတယ်”လို့ ကိန်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဒုတိယပိုင်းမှာ ခြေစွမ်းကောင်းပြသနိုင်ခဲ့ပေမယ့် ပွဲအပြီးမှာ ၆-၃ ဂိုးနဲ့ စီးတီးကို အရေးနိမ့်ခဲ့ပါတယ်။