ရှေ့သို့
Image

ချစ်သူအသစ်ဖြစ်သူ ကလာရာနဲ့အတူ စကူတာစီးရင်း ကေအသစ်နဲ့ပျော်ရွှင်နေတဲ့ ပီကေး

12:05 PM, 2 October

ဘာစီလိုနာနောက်ခံလူ ပီကေးဟာ တွဲခုတ်နေတယ်လို့ သတင်းတွေထွက်နေချိန်မှာ ၁၁ နှစ်ကြာလက်တွဲခဲ့တဲ့ ရှက်ကီယာနဲ့ လမ်းခွဲခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။

ပီကေးဟာ ပြင်သစ်မှာ အသက် ၂၃ နှစ်အရွယ် ချစ်သူသစ် ကလာရာနဲ့ ပျော်မြူးနေတဲ့ပုံတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

အသက် ၃၅ နှစ်သားဟာ စနေနေ့တုန်းက ကေအသစ်နဲ့အတူ ပြင်သစ်မှာ ချစ်သူသစ် ကလာရာနဲ့ စကူတာစီးရင်း Day out ထွက်ခဲ့ပါတယ်။

ရှက်ကီယာကတော့ ပီကေးအနေနဲ့ အခုလိုမျိုး လူသိရှင်ကြားထုတ်ဖော်ခဲ့တာကို အရမ်းဒေါသထွက်နေပါတယ်။ ဒါ့အပြင် ပီကေးတစ်ယောက် ချစ်သူသစ်ကို သြဂုတ်လတုန်းက အနမ်းပေးခဲ့တဲ့ပုံရိပ်တွေလည်း ထွက်ပေါ်ခဲ့သေးတာဖြစ်ပါတယ်။

အဲ့နောက် စပိန်မှာ တစ်လတည်း မင်္ဂလာပွဲတစ်ခုကို ပီကေး နဲ့ ကလာရာတို့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ စပိန်သတင်းဌာနတစ်ခုကတော့ ရှက်ကီယာ နဲ့ ပီကေးတို့ဟာ သူငယ်ချင်းတွေအဖြစ် ဆက်ရှိနေမှာဖြစ်ပြီး ကလေးတွေအတွက် ပြုစုစောင့်ရှောက်မယ်လို့ ဖော်ပြခဲ့ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ပီကေး #gossip