ရှေ့သို့
Image

မာတီနယ်လီကို ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ အီမာဆင်ကို ထုတ်ပယ်ခဲ့တဲ့ အန်တိုနီတေလာရဲ့ဆုံးဖြတ်ချက် ဘာကြောင့် မှန်ခဲ့တာလဲ

9:20 AM, 2 October

အာဆင်နယ်ဟာ မြောက်လန်ဒန်ဒါဘီမှာ တော့တင်ဟမ်ကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အီမာဆင်တစ်ယောက် မာတီနယ်လီကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

အီမာဆင်ပြစ်ဒဏ်ကျူးလွန်ခဲ့ပြီးနောက် ကစားတာကို ခနရပ်နားခဲ့ပြီး မာတီနယ်လီက ဒဏ်ရာကြောင့် လဲလျောင်းနေခဲ့ရတာဖြစ်ကာ အဲ့နောက် အန်တိုနီတေလာက အီမာဆင်ကို အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပါတယ်။

တော့တင်ဟမ်ကစားသမားတွေက ဖိအားပေးတောင်းဆိုနေကြပေမယ့် အီမာဆင် တစ်ယောက် အနီကတ်နဲ့ထိုက်တန်ခဲ့တယ်ဆိုတာကို ဒိုင်စပယ်ရှယ်လစ် ဝေါလ်တန်က ပြောကြားခဲ့ပါတယ်။

“တော့တင်ဟမ် ဒါမှမဟုတ် အီမာဆင်လည်း အခုဖျက်ထုတ်မှုကို စောဒဂတက်လိမ့်မယ်လို့ မထင်ပါဘူး။ ဒီဖျက်ထုတ်မှုက ဥပဒေပြင်ပပါ။ ခြေကျင်းဝတ်ကို ဖြတ်နင်းလိုက်တာကြောင့် လဲကျသွားခဲ့ပါတယ်။

အဲ့တာက အဓိက ဖြစ်ရပ်ပါ။ အားကက အတူတူပါပဲ။ ဒါပေမယ့် ဒါကပြင်းထန်တဲ့ဖျက်ထုတ်မှုဖြစ်သွားခဲ့ပါတယ်။ တေလာတစ်ယောက် အချိန်ယူခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ သူ့ရှေ့မှာ ဖြစ်သွားတာ မဟုတ်ခဲ့လို့ပါ။ အဲ့နောက် သူပြန်ကြည့်ပြီး အနီကတ်ပေးခဲ့ပါတယ်”လို့ ဝေါလ်တန်က ပြောကြားခဲ့ပါတယ်။

ဘီတီစပေါ့တ်တင်ဆက်သူ ဂျီးနက်စ်ကလည်း “ဒါက ကျွန်တော်ပွဲအစကတည်းက စိုးရိမ်တဲ့အရာပါ။ လူစာရင်းကြည့်ကတည်းက မာတီနယ်လီ နဲ့ အီမာဆင်တို့ ထိပ်တိုက်တွေ့နေပါပြီ။ 

အရိုးသားဆုံးဝန်ခံရရင် ကျွန်တော် မာတီနယ်လီအကြောင်းကောင်းကောင်းသိပါတယ်။ အီမာဆင်ကို ဒုက္ခပေးတော့မယ်ဆိုတာလည်း သိပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ကျွန်တော် ဘာအကြောင်းပြချက်မှ မပေးချင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #တော့တင်ဟမ် #မာတင်နယ်တီ #အီမာဆင်