ရှေ့သို့
Image

ယူနိုက်တက်က စိတ်ဝင်စားတယ်ဆိုတဲ့ သတင်းကြားချိန်မှာ ဟာသလိုထင်ခဲ့မိကြောင်း ပတ်ဂျီဆန် ဝန်ခံပြောကြား

1:10 PM, 1 October

ယူနိုက်တက်ကွင်းလယ်လူဟောင်း ပက်ဂျီဆန်က မိမိကို ယူနိုက်တက်အသင်းက စိတ်ဝင်စားတယ်လို့ သတင်းကြားချိန်မှာ ဟာသလိုထင်မိကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။

တောင်ကိုရီးယားသာဟာ ပီအက်စ်ဗွီမှာ ၂ ကြာကစားခဲ့ပြီးနေက် ၂၀၀၅ နွေရာသီတုန်းက ယူနိုက်တက်ကို ပြောင်းခဲ့တာဖြစ်ပြီး ကလပ်အသင်းရဲ့ဟီးရိုးဖြစ်လာခဲ့ပါတယ်။ ယူနိုက်တက်က မခေါ်ယူချင် ပက်ဂျီဆန်က ဖာဂူဆန်က ခေါ်ယူချင်တယ်ဆိုတာကို မယုံကြည်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

“ကျွန်တော့်အေးဂျင့်က မင်းကိုယူနိုက်တက်က စိတ်ဝင်စားနေတယ်လို့ ပြောလာပါတယ်။ ဒါပေမယ့် အဲ့တာက ကျွန်တော် ဟာသလိုပဲထင်ခဲ့တာပါ။ ဘာမှလည်း စိတ်ခံစားချက်မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော့်နည်းပြက ဖာဂူဆန်က မင်းဖုန်းကိုစောင့်နေတယ်လို့ ပြောလာတဲ့အချိန်မှာ ဘာလဲ ၊ ဘာကြောင့်လဲလို့ မေးခဲ့ပါတယ်။ သူက မင်းနဲ့စကားပြောချင်နေပြီး မင်းကို အရမ်းစိတ်ဝင်စားနေတယ်လို့ ပြန်ပြောခဲ့ပါတယ်”လို့ ပက်ဂျီဆန်က ပြောကြားခဲ့ပါတယ်။

ပက်ဂျီဆန်ရဲ့လုပ်အားနှုန်း နဲ့ ပွဲကြီးတွေမှာ လွှမ်းမိုးနိုင်မှုက ပရိသတ်တွေအတွက် အမှတ်တရဖြစ်ခဲ့ကာ အာရှသားတစ်ယောက် အနေနဲ့ ယူနိုက်တက်မှာ ကိုယ်စားပြုကစားခွင့်ရဖို့က မလွယ်ကူတာဖြစ်ပါတယ်။

“ကျွန်တော် ဒီကိုပြောင်းလာချိန်မှာ အသင်းရဲ့ယဉ်ကျေးမှုနဲ့ အသားကျဖို့ ကစားသမားတော်တော်များများးက ကူညီခဲ့ပါတယ်။ ဆာအဲလက်စ်ဆိုရင်လည်း ကွင်းပြင်မှာ တကယ့်လူကောင်းတစ်ဦးပါ။ အဲ့တာက ကျွန်တော့်ကို အင်္ဂလိပ်မြေမှာ အထိုင်ကျစေပါတယ်”လို့ ပက်ဂျီဆန်က ပြောကြားခဲ့ပါတယ်။

ကိုရီးယားသားက ပက်ထရစ်အီဗရာဟာ  သူ့ရဲ့အကောင်းဆုံး သူငယ်ချင်းလို့လည်းပြောကြားခဲ့ကာ အခုချိန်အထိ အဆက်အသွယ်ရှိနေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖာဂူဆန် #ပက်ဂျီဆန် #ပရီးမီးယားလိဂ်