ရှေ့သို့
Image

တန်ဟက်၊ မာတီနက်ဇ်တို့နဲ့ ပတ်သက်ပြီး အသင်းသားတွေကို သတိပေးလိုက်တဲ့ ဂွါဒီယိုလာ

12:45 PM, 1 October

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့်အနေအထားဟာ အစမ်းသပ်ခံရမှာဖြစ်တယ်လို့ ပြောကြားလိုက်ပြီး တန်ဟက်အတွက်လည်း ပထမဆုံးဒါဘီပွဲရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဂွါဒီယိုလာနဲ့ တန်ဟက်တို့ဟာ ဘိုင်ယန်နည်းပြဟောင်းတွေဖြစ်ပြီး မကြာသေးခင်တုန်းက တစ်ဦးနဲ့တစ်ဦး ချီးကျူးထားခဲ့ကြတာဖြစ်ပါတယ်။

တနင်္ဂနွေနေ့ပွဲမတိုင်ခင် ဂွါဒီယိုလာက တန်ဟက်နဲ့ယူနိုက်တက်အသင်းသားတွေကြောင့် ခက်ခဲတဲ့ ပွဲတစ်ပွဲဖြစ်လာနိုင်တယ်လို့ စီးတီးအသင်းသားတွေကို သတိပေးခဲ့ပါတယ်။ ယူနိုက်တက်ဟာာ အခုနွေရာသီမှာ လူအင်အားဖြည့်တင်းထားပြီး မာတီနက်ဇ်အပါအဝင် အန်တိုနီ ၊ ကက်စ်မဲရိုးတို့ကို ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။

“အကောင်းဆုံးကို ကျွန်တော် အမြဲတမ်းမျှော်လင့်တာပါ။ သူတို့က တကယ်ကောင်းတဲ့ အရည်အချင်းရှိနေပါတယ်။ အာဆင်နယ်၊ လီဗာပူးနဲ့ ဆောက်သမ်တန်တို့ပွဲတွေမှာ သူတို့က ရလဒ်ကောင်းတွေရယူထားနိုင်ခဲ့ပါတယယ်။ ပွဲကြီးမတိုင်ခင် ကျွန်တော် ဘာမှပြောလေ့မရှိပါဘူူး။ တိုက်စစ်ဆင်ဖို့နဲ့ခံစစ်ကစားဖို့ အစီအစဉ်တွေရှိပြီးသားပါ။ ကျွန်တော်တို့စကေးကို ပရိသတ်အများကြီးရှေ့မှာပြသနိုင်မယ်လို့ ယုံကြည်ပါတယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

မာတီနက်ဇ်အပေါ်လည်း ဂွါဒီယိုလာက ဟာလန်း နဲ့ ယူနိုက်တက်နောက်ခံလူကြား အရပ်ခြားနားမှုကို ပြောကြားခဲ့ပါတယ်။

“ဟာလန်းက အရပ်ရှည်ပါတယ်။ ဒါပေမယ့် အရွယ်အစားက အဓိကမဟုတ်ပါဘူး။ သူက ယူနိုက်တက်ကို ပြောင်းလာပြီးကတည်းက ကစားသမားကောင်းအဖြစ် ခြေစွမ်းပြထားပြီးသားပါ။ တန်ဟက်က ဒီလောက်ငွေကြေးသုံးကတည်းက သူ့အကြောင်းကောင်းကောင်းသိလို့ပါ။ သူ့အရည်အချင်းနဲ့ပတ်သက်ပြီး ဘာမှသံသယဖြစ်စရာမလိုပါဘူး။ အရပ်ရှည်တဲ့တိုက်စစ်မှူးနဲ့ရင်ဆိုင်ရတာက သူ့အတွက် ပထမဆုံးမဟုတ်ပါဘူး။ ဟော်လန်မှာ သူအများကြီးရင်ဆိုင်ဖူးပါတယ်။ ဧရိယာထဲမှာ ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ”လို့ ဂွါဒီယိုလာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မန်စီးတီး #ဂွါဒီယိုလာ #တန်ဟတ် #ပရီးမီးယားလိဂ်